လူနာပို့ရင်း အဖမ်းခံရသည့် ပရဟိတဝန်ထမ်း နှစ်ဦး ထောင်တစ်လစီ ချမှတ်ခံရ

မော်လမြိုင် တပ်မတော် ဆေးရုံသို့ သို့ လူနာပို့ပြီး အပြန် ညပိုင်းတွင် ဖမ်းဆီးခံရသည့် ကျိုက်ခမီမြို့မှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရသည်။ ကျိုက်ခမီမြို့ ဟိတကာရီ...
Dawei Watch, Dawei News, Dawei News Media

တိုင်းပါတီဒုဥက္ကဋ္ဌနှင့် တက်ကြွလှုပ်ရှားသူများ ဝရမ်းအကပ်ခံရ

တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးဟောင်းတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဝရမ်းထုတ်ကြောင်း မြိတ်မြို့ရှိ လူစည်ကားသောနေရာအချို့ တွင် လိုက်လံကပ်ခဲ့ကြောင်း ပြည်သူများထံမှသိရသည်။ မတ်လ ၁၇ ရက်နံနက်က မြိတ်မြို့ရှိအနည်းဆုံးနေရာငါးခုခန့်တွင် ကပ်ထားခြင်းဖြစ်ပြီး...

ရွေးကော် ဥက္ကဋ္ဌများ ပြန်လွတ်

တနင်္သာရီတိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအချို့ ပြန်လွတ်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်...

ငါ့လက်မောင်းကို ထိသွားပြီ

ဦးဝင်းလှိုင်၏ နောက်ဆုံး စကားဖြစ်သည်။ ထိုသို့ပြောပြီးနောက် ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းလှိုင်မှာ ထားဝယ်မြို့တောင်ဘက် ကြက်စားပြင်ရပ်ကွက်ရှိ သရက်ချောင်းကားဂိတ်ရှိရာ လမ်းဆုံတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်

မြိတ်၊ မတ် ၁၁ မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း...

မွန်ဝန်ကြီးချုပ်နှင့် တစ်လကြာသည်အထိ အဆက်အသွယ်မရဟုဆို

ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ်မရဘူးဟု ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်၏...

သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀...

ထားဝယ်စျေးကြီး ပိတ်

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။ မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ...

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

ထားဝယ်က သပိတ်‌မှောက်ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦး မြို့သစ် အမှတ် ၄ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၁၀ ရက်မှာအဖမ်းခံလိုက်ရပါတယ်။ အရပ်ဝတ်လက်နက်ကိုင်တစ်စုက အနက်ရောင်အိမ်စီးကားနဲ့ရောက်လာပြီး မြို့သစ် အမှတ် ၄ လမ်းထိပ်ဝပ်‌ရှော့တစ်ခုထဲဝင်ဖမ်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကဆိုပါတယ်။

NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။