တိုင်းပါတီဒုဥက္ကဋ္ဌနှင့် တက်ကြွလှုပ်ရှားသူများ ဝရမ်းအကပ်ခံရ

0
208
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးဟောင်းတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဝရမ်းထုတ်ကြောင်း မြိတ်မြို့ရှိ လူစည်ကားသောနေရာအချို့ တွင် လိုက်လံကပ်ခဲ့ကြောင်း ပြည်သူများထံမှသိရသည်။

မတ်လ ၁၇ ရက်နံနက်က မြိတ်မြို့ရှိအနည်းဆုံးနေရာငါးခုခန့်တွင် ကပ်ထားခြင်းဖြစ်ပြီး ပြည်သူများက နောက်ပိုင်းတွင် ဆုတ်ဖြဲခဲ့ကြကြောင်း သိရသည်။

အလိုရှိသည် တရားခံပြေး ဟု ကြေညာခံရသူများ စာရင်းတွင် တနင်္သာရီတိုင်း NLD
ဒုဥက္ကဋ္ဌ ဦးကင်းရှိန်၊ ဝန်ကြီးဟောင်း ဦးအောင်သူရ၊ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြိတ် ၈၈ မှ ဦးလှမော်၊ မြိတ်စည်ပင်ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးမြတ်ကိုကို၊ ဒေါ်ရှင်ဌေးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများ ကျွန်းစုနှင့် ပုလောမြို့နယ်များမှ တက်ကြွလှုပ်သူများ အပါအဝင် စုစုပေါင်း နှစ်ဆယ်ဉီးကျော်ကို တွေ့ရှိပါက ဖုန်းဆက်အကြာင်းကြားရန် လိုက်လံကပ်ခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် လူအနည်းငယ်ဖြင့် ပြောက်ကျား ဆန္ဒထုတ်ဖော်မှုများ နေ့စဉ်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့များ ကလည်း နေရာအနှံ့ လိုက်လံဖြိုခွဲလျက်ရှိနေသည်။