မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်

0
601

မြိတ်၊ မတ် ၁၁

မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရကြောင်း ပါတီ ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့နယ် အလုပ်မှုဆောင် ဦးစိုးလင်း၊ ကဗျာဆရာ နရီ (မြိတ်)၊ တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦး နှင့် မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးစိုးမြင့်တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးစိုးမြင့်မှာ ပါတီ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှစ၍ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ပါတီတာဝန်ရှိသူ ကပြောပြသည်။

“ဉီးစိုးမြင့်ကိုတော့ တပ်ပြင်ဈေးနားမှာ အဖမ်းခံရတယ်လို့ သိရတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ နရီ (မြိတ်) မှာ ထင်ရှားသော ကဗျာဆရာ တစ်ဦးဖြစ်ပြီး တရားလွှတ်တော် ရှေ့နေ တစ်ဦးလည်း ဖြစ်သည်။ အမည်ရင်း ဦးလွင်အောင် ဖြစ်သည်။

ဦးလွင်အောင်၊ ဦးစိုးလင်းနှင့် ဦးတင်ကိုကိုဦးတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးသွားကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့တွင် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု အနည်းငယ် ရှိခဲ့သော် ပစ်ခတ်မှုကြောင့် သေဆုံးမှု တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်း မရှိပေ။

Dawei Watch