ထားဝယ်စျေးကြီး ပိတ်

0
677

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။

မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုများကြောင့် စျေးပိတ်ထားသည်ဟုထင်ကြောင်း စျေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

“မနက်ဖြန်ဆိုရင်တော့ ပြန်ဖွင့်မယ်လို့တော့ ထင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယနေ့စျေးပိတ်သည့်ကိစ္စကို ကြိုတင်သိရှိခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

စည်ပင်သာယာစျေးကြီးကို အပတ်စဥ် တနင်္ဂနွေနေ့ သို့မဟုတ် ဝါတွင်းဥပုသ်နေ့များတွင်သာ နေ့တစ်ဝက်ပိတ်လေ့ရှိသည်။