ရွေးကော် ဥက္ကဋ္ဌများ ပြန်လွတ်

0
395

တနင်္သာရီတိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအချို့ ပြန်လွတ်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထိန်းသိမ်းခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အားလုံးကိုပြန်လွှတ်ပေးလိုက်ပြီလို့ပြောတယ်။ ကျွန်တော်အဖေတောင် ဒီနေ့ ၁၁ နာရီလောက်မှာ ပြန်လွတ်လာတယ်” ဟု ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ သားဖြစ်သူ ကိုသူရက ဆိုသည်။

မေးမြန်းအတည်ပြုချက် အရ ထားဝယ်ခရိုင်အတွင်း ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

“ကျန်းကျန်းမာမာနဲ့ ပြန်‌ရောက်လာတယ်” ဟု လောင်းလုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိမ်း၏ သမီးဖြစ်သူက ဆိုသည်။