သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

0
167

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

နောက်ရုံးချိန်းကို ရမန်နှစ်ပတ် (မတ်လ ၂၄ ရက်နေ့) ပြန်ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါ်မို့အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူမနေထိုင်ရာ ထားဝယ်မြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ သူမကို လာရောက်ဖမ်းဆီးစဉ် ဗီဒီယိုဖိုင်အတွင်းမှ သားဖြစ်သူ၏ မိခင်အပေါ် ကာကွယ်ပေးလိုသည့် အသံမှာ လူထုအကြား များစွာ ဂရုဏာ သက်စေခဲ့သည်။