ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

0
149

ထားဝယ်က သပိတ်‌မှောက်ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦး မြို့သစ် အမှတ် ၄ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၁၀ ရက်မှာအဖမ်းခံလိုက်ရပါတယ်။

အရပ်ဝတ်လက်နက်ကိုင်တစ်စုက အနက်ရောင်အိမ်စီးကားနဲ့ရောက်လာပြီး မြို့သစ် အမှတ် ၄ လမ်းထိပ်ဝပ်‌ရှော့တစ်ခုထဲဝင်ဖမ်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကဆိုပါတယ်။

အဖမ်းခံလိုက်ရတဲ့သူကတော့ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာက ကိုကျော်ထွေးဖြစ်တယ်ဆိုတာကိုလည်းသူက အတည်ပြုပေးခဲ့ပါတယ်။