ရှာရခက်လာတဲ့ သွေးအလှူရှင်

“သွေးသည်အသက်” ဆိုသော သွေးအလှူရှင်ရင်ထိုးမှ စာတန်းလေးမှာ သွေးလှူဒါန်းခြင်းမှာ လူ့အသက်ကို ကယ်ဆယ်ခြင်းဟု အဓိပ္ပါယ်ဆောင်နေသည်။ သွေးလှူခြင်းမှာ အလွန်မွန်မြတ်သည့် အလှူဖြစ်သည်ဟု ခံယူထားသော မြန်မာနိုင်ငံသားများအတွက် သွေးလှူကြရန် များစွာတိုက်တွန်းရန်မလိုကြ။ အုပ်စုလိုက်သွေးလှူပွဲများ၊...

ခေတ်ပျက်မှာ ရှင်သန်နေရတဲ့ကလေးတွေ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းကြောင့် ကလေးငယ်များမှာ လွတ်လပ်စွာရှင်သန်ခွင့် မရကြတော့ပေ။ အချို့ကလေးများမှာ ပဋိပက္ခဒေသတွင် နေထိုင်ကြရသဖြင့် သွေးသံရဲရဲများ၊ သေဆုံးမှုများကဲ့သို့ အနိဋ္ဌာရုံများကို နေ့စဉ်ထိတွေ့နေကြရသည်။ အချို့ကလေးများမှာတော့...

စီးပွားကပျက် လောင်စာကစျေးတက်

စစ်အာဏာသိမ်းမှုနှင့်အတူ အထွေထွေအကျပ်အတည်း ဆိုက်နေသည့်မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စား စီးပွား‌ရေး လုပ်ငန်းများ ရပ်ဆိုင်းနေသလို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများလည်း စွန့်ခွာနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ခရီးသွားအခြေပြု လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းနေသလို၊ အသေးစား၊ အလတ်စား...

စျေးတွေတက်လို့ မငတ်ဖို့ရုန်းနေရတဲ့ ပြည်သူတွေ

အာဏာသိမ်းအပြီး ၂ နှစ်ကျော်အကြာတွင် အထွေထွေကုန်စျေးနှုန်းမှာ အလွန်အမင်းမြင့်တက် လာနေပြီဖြစ်သည်။ စီပွားရေး လုပ်ငန်းအများစုမှာ ရပ်တန့်နေပြီး အလုပ်အကိုင်ရှားပါးမှုများ ဖြစ်နေချိန်တွင် မြင့်မားလာသည့် ကုန်စျေးနှုန်းဒဏ်ကို ပြည်သူအများ ခါးစည်းခံနေကြရသည်။ နေရာအနှံ့တွင်လည်း...

ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။ ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။ အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀...

စစ်အုပ်ချုပ်ရေးနှင့် တနင်္သာရီ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်သည်။ စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များတွင် တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။

အာဏာသိမ်းအပြီး ၂ နှစ်အကြာ

စစ်တပ်က အာဏာသိမ်းခဲ့သည့်မှာ ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းကာလအတွင်း ပြည်တွင်းပဋိပက္ခများ ပိုမိုဖြစ်ပွားလာနေပြီး ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း စီးပွားရေး လုပ်ငန်းအများစုရပ်တန့်နေသလို၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ၊ လုံခြုံရေးအရ နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ရသူ အများအပြားရှိနေသည်။

တံတားတွေပိတ်စစ်လို့ ဒုက္ခပိုကြီးလာတဲ့ ပြည်သူတွေ

စစ်ကောင်စီတပ်က လုံခြုံရေးကြောင့်ဆိုကာ တံတားများရုတ်တရက်ပိတ်ကာ နာရီပေါင်းများစွာ ကြာအောင် စစ်ဆေးမှုများကြောင့် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့လာရသည်။ ယခုနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ တံတားများ မကြာခဏပိတ်ဆို့ စစ်ဆေးမှုများရှိလာနေသည်။

အားကိုးရာမဲ့ ပြည်သူတွေ

စစ်တပ်အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရောက်ရှိလာချိန်တွင် ဒေသအများအပြားတွင် မတည်ငြိမ်မှု၊ ခိုး၊ဆိုး၊လုယက်၊ဓားပြတိုက်မှု၊ အသတ်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားနေသည်။ ပြည်သူလူထုမှာ အခြေခံလူ့အခွင့်အရေးပင် မရတော့ဘဲ မြင်မြင်ရာ ကြောက်နေရသည့် အခြေအနေကို ဆိုက်ရောက်လာသည်။

‘ပြည်သူ့အိမ်တွေ ဘာလို့မီးရှို့နေတာလဲ’

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP ။ Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ပြည်သူလူထု၏ နေအိမ်များကိုမီးရှို့မှုမှာ...