ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ...

ထိုင်းနိုင်ငံက အဖိနှိပ်ခံရွေ့ပြောင်းလုပ်သားများ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် နိုင်ငံသားအများစုသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သားများအဖြစ် အစုလိုက်အပြုံလိုက် သွားရောက်နေကြရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာသူများရှိသလို နှစ်နိုင်ငံသဘောတူညီချက်(MoU)ဖြင့် ဝင်လာသူများလည်း ရှိသည်။

ဖြစ်ပွားမှုများလာတဲ့ သွေးလွန်တုပ်ကွေး

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျေးရွာအချို့တွင် ရေရှားပါးမှု ပြဿနာများ ကြုံတွေ့လာနေရသည်။ ရေရှားပါးမှုကြောင့် သောက်ရေသုံးရေများ အလွယ်တကူ သိုလှောင်ထားရာမှတစ်ဆင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားစေလာကြောင်း တွေ့ရှိရသည်။ သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါဖြစ်ပြီး...

ဝမ်းရေးအတွက် အပူဒဏ်အံတုကြသူများ

ရာသီဥတုဖောက်ပြန်မှုနှင့်အတူ ယခုနှစ်နွေရာသီမှာ စံချိန်တင်ပူပြင်းလှသော်လည်း ဝမ်းရေးအတွက် အပူဒဏ်ကို မမှုနိုင်ကြဘဲ နွေနေပူကျဲကျဲထဲ အပူဒဏ်အံတုကြရသူ အများအပြားရှိနေသည်။ အထူးသဖြင့် အခြေခံလူတန်းစားများမှာ ရှာဖွေစုဆောင်းထားသည်များမရှိသဖြင့် နေပူသော်လည်း ဝမ်းစာအတွက် ရှာဖွေနေကြရခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ...

နေပူပြင်းပြင်းမှာ ရေရှားလာတဲ့ တောင်ပိုင်းကဒေသတွေ

ယခင်နှစ်များကထက် ပိုမိုပူပြင်းသည့် နွေရာသီကာလကို ဖြတ်သန်းနေရချိန်တွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဒေသများတွင် သောက်သုံးရေရှားပါးမှုကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။ သောက်သုံးရေ ရှားပါးမှုမှာ နှစ်စဉ်ကြုံတွေ့ရသည်ဆိုသော်လည်း ယခုနှစ်တွင်တော့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများမှာ စီးပွားရေးခက်ခဲနေသလို၊ အလုပ်အကိုင် ရှားပါးမှုနှင့်အတူ ဝင်ငွေလျော့ကျနေချိန်တွင် ရေဝယ်သုံးရမှုကြောင့်...

ပျောက်ဆုံးနေတဲ့ သင်္ကြန်

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ပျောက်ဆုံးသွားသည်များထဲတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လည်း ပါဝင်သည်။ သင်္ကြန်ပွဲတော်ဆိုလျှင် မြန်မာနိုင်ငံအရပ်ရပ်တွင် တခုတ်တရ ကျင်းပလေ့ရှိကြပြီး မတူညီသည့် ရိုးရာဓလေ့များဖြင့် ဝင်ရောက်ဆင်နွှဲကြလေ့ရှိသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဆိုလျှင်လည်း သင်္ကြန်ပွဲတော် မတိုင်ခင်တွင်...

ခြေချိုးခံရတဲ့ တောင်ပိုင်းသားများ

ဆိုင်ကယ်ဆိုသည်မှာ တနင်္သာရီတိုင်းသားများအတွက် ခြေထောက်ပင်ဖြစ်သည်။ တောင်ပိုင်းသားများမှာ ဆိုင်ကယ်အားပြု သွားလာနေကြရခြင်းဖြစ်သည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခြင်း၊ ကန့်သတ်ချက်များဖြင့် စီးနင်းခွင့်ပြုခြင်း၊ မထင်ရင်မထင်သလို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ဆိုင်ကယ် ၂ ယောက်အတူစီးလာသဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့်  တောင်ပိုင်းသားများမှာ...

စစ်အုပ်ချုပ်ရေးဒေသက ကျီးလန့်စာစားပြည်သူတွေရဲ့ဘဝ

ပုလောနှင့် တနင်္သာရီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာ ၂လနီးနီးရှိလာပြီဖြစ်ပါတယ်။ ဒီမြို့နယ်တွေက တနင်္သာရီတိုင်းအတွင်းမှာ အရင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေပါ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာတော့အခြေအနေ ပိုဆိုးလာပါတယ်။ ဒီကာလမှာ...

ရှာရခက်လာတဲ့ သွေးအလှူရှင်

“သွေးသည်အသက်” ဆိုသော သွေးအလှူရှင်ရင်ထိုးမှ စာတန်းလေးမှာ သွေးလှူဒါန်းခြင်းမှာ လူ့အသက်ကို ကယ်ဆယ်ခြင်းဟု အဓိပ္ပါယ်ဆောင်နေသည်။ သွေးလှူခြင်းမှာ အလွန်မွန်မြတ်သည့် အလှူဖြစ်သည်ဟု ခံယူထားသော မြန်မာနိုင်ငံသားများအတွက် သွေးလှူကြရန် များစွာတိုက်တွန်းရန်မလိုကြ။ အုပ်စုလိုက်သွေးလှူပွဲများ၊...

ခေတ်ပျက်မှာ ရှင်သန်နေရတဲ့ကလေးတွေ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းကြောင့် ကလေးငယ်များမှာ လွတ်လပ်စွာရှင်သန်ခွင့် မရကြတော့ပေ။ အချို့ကလေးများမှာ ပဋိပက္ခဒေသတွင် နေထိုင်ကြရသဖြင့် သွေးသံရဲရဲများ၊ သေဆုံးမှုများကဲ့သို့ အနိဋ္ဌာရုံများကို နေ့စဉ်ထိတွေ့နေကြရသည်။ အချို့ကလေးများမှာတော့...