သည်ခရီး နီးသလား

ငြိမ်းချမ်းရေး စကားဝိုင်းလေးတွေ ကျင်းပလေတိုင်း ကျွန်တော်တို့တတွေ အထူးသတိထားပြီး စောင့်ကြည့်ကြသည်။ နားထောင်ကြပါ၏။ အမြဲတမ်း ပြောစ မှတ်စကားတွေ အဲသည်က ကြားကြရလေ့ ရှိပေသကိုး။ အကောင်းတော့ မဟုတ်၊ ရယ်စရာကနေ ရင်တွေ မောနေကြရ သည့်အဖြစ်တွေမျိုး။ တလောက ပခုက္ကူ မှာ ငြိမ်းချမ်းရေး စကားဝိုင်း...

အခိုးအငွေ့ဖြစ်သွားသော အနာဂတ်များ

ဝါဆိုကျောင်းပိတ်ရက်များအတွင်း ဇာတိရွာသို့ ပြန်ဖြစ်သည်။ အမေ့ အိမ်သို့သွားဖို့အရေး ဆန္ဒသာရှိပြီး လူက မရောက်ဖြစ်။ အရေးကိစ္စ ကြီးငယ်ရှိမှာ သာ သွားလာဖြစ်သည်။ ရွာရောက်ပြီဆို လျှင်လည်း တော်ရုံနှင့် အိမ်မပြန်ဖြစ် ပြန်။ ဟိုလူ့နှုတ်ဆက်၊ ဒီလူ့နှုတ်ဆက်ရင်း ရပ်ရေး ရွာရေး အခြေအနေများ မေးရင်း မြန်းရင်းနှင့်ပင်အချိန်လင့်မှ...

မမှားသော အစိုးရ မရှိ

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား"မရှိဘူးဆိုတာတော့ ကြားဖူး ခဲ့ပါတယ်။ အခုတော့ "မမှားသော အစိုးရဆိုတာ မရှိပါဘူး" ဆိုတာ ထပ်ကြားရပါတယ်။ ဖြစ်နိုင်ပါတယ်။ အစိုးရတွေက မှားနိုင်ပါတယ်။ ဒါကြောင့် ပဲ အထိန်းအထေ(check and balance) တွေ လုပ်ထားရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရနဲ့...

လုယက်မှုများနဲ့ မြို့တော်

နေ့ခင်းကြောင်တောင် လူစည် ကားရာ လမ်းမကြီးပေါ်တွေ လမ်းသွယ် လမ်းကြားတွေပါမကျန် ပိုက်ဆံအိတ် လုယက်တဲ့အသံတွေ နေ့တိုင်းနီးပါးလိုလို ကြားနေရ တယ်။ အပျို၊ လူပျို၊ ကျောင်းဆရာမ၊ အစိုးရ ဝန်ထမ်းကအစ လမ်းဘေးထီးပြင် သမား အဆုံး အလွှာပေါင်းစုံဆီက ပိုက်ဆံအိတ် တွေ လက်ကိုင်ဖုန်းတွေ လုယက်ခံနေရ...

လူပြိန်းကြိုက်ဝါဒ (Populism) နဲ့ ပြည်သူ့ရေး ရာမူဝါဒအပေါ် သက်ရောက်မှု (နိဂုံး)

ယခင်အပတ်မှ အဆက် လူပြိန်းကြိုက်ဝါဒီနဲ့ အာဏာရှင် ဖြစ်ချင်တဲ့ "ဇ" သမ္မတထရမ့်မှာ လူပြိန်းကြိုက်ဝါဒီ နဲ့ အာဏာရှင်ဖြစ်ချင်တဲ့ "ဇ"ဒွန်တွဲနေ တာမျိုး ရှိတယ်လို့ သမုတ်ကြပါတယ်။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ ပစ်ပါ နောရစ် ကလည်း"လူပြိန်းကြိုက်ဝါဒီနဲ့ အာဏာရှင်" (populist-authoritarian) နဲ့ ကိုယ့်ဇာတိမြေကို အလွန်အကျူးကာ ကွယ်ချင်တဲ့ ဇနပုဒ်...

ကျွန်တော် မောင်ရှေ့နေ

ဒီနှစ်မိုးက အလွန်သည်းပါသည်။ တစ်ပြည်လုံးလည်း အရင်နှစ်တွေနဲ့မတူ ရေကြီးတာတွေ ရေလျှံတာတွေနဲ့ ကယ် ဆယ်ရေးစခန်းကို ရောက်သူကရောက်နဲ့။ ရှေ့နေအလုပ်ကလည်း စီးပွားရေး အလုပ်တွေလို့ မားကက်တင်းဆင်းလို့ လည်းမရ၊ ပရိုမိုးရှင်းလုပ်လို့လည်း ရ တာမဟုတ်၊ ဗွီနိုင်းကြီးကြီးနဲ့ လမ်းဆုံ လမ်းခွမှာ ကြော်ငြာလို့ရတာလည်း မဟုတ်။ အမှုလည်းရှိမှ အမှုသည်ကလည်း ရှေ့နေ...

ခေါက်ဆွဲခြောက်မူဝါဒ

၁။ ခေါက်ဆွဲခြောက်မူဝါဒ ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး ပြုံးစိစိများ ဖြစ်သွားလေသလား စာဖတ် သူအဆွေ။ ဖြစ်မယ်ဆိုကလည်း ဖြစ်စရာကိုး။ "ခေါက်ဆွဲခြောက်မူဝါဒ"ဆိုတော့ ခေါက် ဆွဲတွေကို ဘယ်လိုနည်းနဲ့ ထုတ်လုပ်မ လဲ။ ကုန်ကြမ်းတွေကို ဘယ်က ဝယ်ယူ။ တင်သွင်းမလဲ။ ဘယ်နည်းပညာနဲ့ အခြောက်ခံမလဲ။ ဘယ်လိုထုပ်ပိုးမလဲ။ စက်ရုံကို ဘယ်လို စီမံခန့်ခွဲမလဲ။ ထွက်...

ကိုယ့်ဘာသာကိုယ် အရင်ကျော်ကြမယ်

"နောက်ဆယ်နှစ်ကြာရင် စင်္ကာပူ ကို ကျော်အောင်လုပ်ရမယ်"ဆိုသည့် စင်္ကာပူနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်စကားအပေါ် ဝေဖန်ခဲ့ကြ သည်ကို တော်တော်များများ တွေ့ရ သည်။ ကျွန်တော့်အထင် အမေစုအနေဖြင့် ထိုကဲ့သို့ ပြောခဲ့ခြင်းမှာ အတည်သဘော ပြောဆိုခြင်းထက် ဟာသအနေဖြင့် အရွှန်းဖောက် ပြောဆိုခဲ့ခြင်းဖြစ်ဖို့က ရာခိုင်နှုန်းပိုများသည်။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည်က...

အားမနာလိုက်ပါနဲ့

အားနာတယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ့လူအဖွဲ့အစည်းမှာ အင်မတန် နာမည်ကျော်ကြားပါတယ်။ လူကို အတော်ကိုလည်း ဒုက္ခပေးပါတယ်။ ဒုက္ခပေးမှန်း သိလျက်နဲ့လည်း အား နာလို့မဆုံး၊ နာမြဲ နာဆဲ ဖြစ်နေတတ် တာလည်း တစ်ပုံတစ်ပင်ပါပဲ။ မြန်မာ့ လူမှုဓလေ့တစ်ခုလိုဖြစ်နေတဲ့ အားနာခြင်းကို ခွဲခြမ်းကြည့်တဲ့အခါ မြောက်များစွာသော အားနည်းချက်တွေ၊ အနာအဆာတွေကို တွေ့ရပါတယ်။ မပြတ်သားသူ အားနာတတ်တဲ့သူ တိုင်းမှာ...

အမှုရုပ်သိမ်းခြင်းနှင့် ကျွန်တော် ထိစပ်ခဲ့ရသမျှ

ပြီးခဲ့သည့် လအတွင်းက မြန်မာ တစ်နိုင်ငံလုံးက လူထုကြား ပွက်လော ရိုက်ခဲ့သည့် အကြောင်းအရာတစ်ခု ရှိခဲ့ ပါသည်။ အွန်လိုင်းပေါ်မှာ ဟာသဗီဒီယို များတင်ဆက်ရင်း နာမည်ကြီးလာသည့် အောင်ရဲထွေးရဲ့ အမှုကို ရန်ကုန် အရှေ့ ပိုင်းခရိုင် တရားရုံးက အမှုရုပ်သိမ်းခဲ့ သောကြောင့် ဖြစ်သည်။ အောင်ရဲထွေးကို နှစ်သစ်ကူးပွဲ တစ်ခုတွင်...