သည်ခရီး နီးသလား

0
604

ငြိမ်းချမ်းရေး စကားဝိုင်းလေးတွေ ကျင်းပလေတိုင်း ကျွန်တော်တို့တတွေ အထူးသတိထားပြီး စောင့်ကြည့်ကြသည်။ နားထောင်ကြပါ၏။ အမြဲတမ်း ပြောစ မှတ်စကားတွေ အဲသည်က ကြားကြရလေ့ ရှိပေသကိုး။ အကောင်းတော့ မဟုတ်၊ ရယ်စရာကနေ ရင်တွေ မောနေကြရ သည့်အဖြစ်တွေမျိုး။ တလောက ပခုက္ကူ မှာ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပတော့ လည်း အဲသလို မှတ်သားလောက်စရာ ဘာတွေများ မိန့်ကြားကြလေမည်နည်းဟု ရင်မောစွာ ကျွန်တော်တို့တွေ စောင့်ကြည့် ကြပါ၏။

ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်း ကျောင်းအလုပ်ကို ပရော်ဖက်ရှင်နယ် ပီ ပီသသ တာဝန်ယူတာဝန်ခံပြီး အလုပ် လုပ်ကြဖို့ရာသင့်ပြီဟု ကျွန်တော်တို့တွေ ပြောကြဆိုကြ ဆွေးနွေးခဲ့ကြသည်။ ဖြစ် လာဖို့လည်း ကောင်းသည့်အခြေအနေနဲ့ အနေအထားမှာ သည်နေ့သည်အချိန် အထိ ပရော်ဖက်ရှင်နယ်ပီသသော အပြောင်းအလဲကိုလည်းကောင်း မျှော်မှန်း ချက်၊ ရည်မှန်းချက်ကိုလည်းကောင်း ကျွန်တော်တို့တတွေ မမြင်လာကြရသေး ပါ။ မစားရ ၀ခမန်း အပြောအဆိုများနှင့် မနေ့တစ်မျိုး တော်ကြာတစ်မျိုး ကတိနဲ့ စကားလုံးတွေအကြား လူရယ်စရာ မော စရာ ပြောစရာအဖြစ်တွေကသာ များလာ သည်။ ဗေထိဗေထိဆိုင်းသံက ပြောင်း ချင်ယောင်ဆောင်ပေမင့် လူလည်း မပြောင်း၊ မူလည်း မချပြနိုင်၊ ဝေလေလေအဆင့် ထက်ပိုပြီး လောက်လောက်လားလား ဘာဆိုဘာမှ မမြင်ရသေး။

နေ့ကြီးရက်ကြီးတွေမှာ မိန့်ခွန်း အမှာ စကားပြောကြလျှင်ဖြစ်ဖြစ် အခါအခွင့် သင့်ချိန်တွေမှာ လူကြီးတွေ ပြောစကား ဆိုစကားတွေကဖြစ်ဖြစ် ကျွန်တော်တို့ တွေ ကြားလို မြင်လိုကြတာက သူတို့ တွေမှာ အဘယ်သို့ အမျှော်နဲ့အမြင် (Mission and Vision)   ရှိကြသည်။ ဘယ်သို့သော ရည်မှန်းချက်နဲ့ ဘယ်သို့ ဦးတည်ပြီး ဘယ်လိုဗျူဟာတွေနှင့် ရှေ့ ဆက်ကြမည် စသဖြင့် အားကောင်းမောင်း သန် မိန့်မှာစကားတွေကို အားရပါးရ ကြားချင်ကြပါသည်။ ခက်တာက မပြော မဆိုပါဘဲ မိန့်မိန့်ကြီး ထိုင်နေတာကမှ အကောင်းသား။ ထသွားမှ အကျိုးမှန်း သိရသည်ဆိုသလို စကားတွေ ထထပြော ပါမှ တလွဲတွေ ဖြစ်ကြသည့်အခါ ကျွန် တော်တို့တွေ စိတ်ကုန်လာကြတာ မဆန်း။

ပေးထားလေသော ကတိတွေနှင့် အလုပ်တွေကို ကြည့်လျှင်လည်း အမျှော် နဲ့အမြင်နဲ့ လုပ်ကြသော အလုပ်တွေဆိုတာ ထက် ဟိုအကွေ့ကို ဟိုတက်နှင့် လှော် သည်၊ သည်အကွေ့ကို သည်လက်ဖြင့် လှော်သည်ဆိုတာထက် ပိုသော အခြေ အနေမျိုး မတွေ့ကြရသေးပါ။ သာဓက ဆောင်ရသော် သည်မှာဘက် ကျွန်တော် တို့ တိုင်းဒေသကြီးမှာပဲ ကြည့်ပါ။ မြိတ် ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ လက်ထောက် ဆရာဝန်အင်အား ရှိသင့်သည့်ဦးရေ ၆၉ ယောက်မှာ အလုပ်လုပ်နေကြရတာက ၂၃ ယောက်သာ ရှိပါ၏။ သို့ကြောင့် နှစ် ဆသုံးဆမက အလုပ်တာဝန်တွေ လုပ်နေ ရသဖြင့် ဝန်ထမ်းတို့မှာ ဝန်ပိနေရပါသည် ဆိုတာကို အဆင့်ဆင့်လည်း တင်ပြ၊ လွှတ်တော်က တစ်ဆင့်လည်း တင်ပြပါ လျက်နှင့် တစ်နှစ်ကျော်လို့ နှစ်နှစ်ပြည့် သည်အထိ ယင်းကွက်လပ်ကို မဖြည့်နိုင်။ သည်အင်အားက ထပ်ပြီး လျော့သွားတာ သာရှိပြီး ထပ်တိုးလာတာ မရှိ။ မဖြည့်နိုင် သည့် အင်အားကြောင့် ဝန်ဆောင်မှု၏ အရည်အသွေးနှင့် အစွမ်းအစကိုက အား ရစရာမရှိ။

သို့ဖြစ်ရာ ပေးထားလေသော ကတိ တွေနှင့် လုပ်နေလေသမျှ အလုပ်တို့ သည် ဦးတည်ချက် မယ်မယ်ရရ မရှိလို့ ပွင့်ပွင့်လင်းလင်း ဆိုနိုင်သည့်အနေ အထား ဖြစ်ပါသည်။ သွားလေသော ယခင့် လူဟောင်းအချို့လို အမြော်အမြင်နှင့် လုပ်ခဲ့တာမျိုး ဘာမှမမြင်ရ။ ဆိုပါစို့၊ တပ်မတော်မှ တာဝန်ယူခါစ တာဝန်ယူခဲ့ ရသော ကျန်းမာရေးဝန်ကြီးတွေလို နိုင်ငံ တကာက အကူအညီတွေလည်း မပြတ်ရ လေအောင် ဆင်းရဲမွဲတေသော မိမိနိုင်ငံ သားတွေအတွက် အထောက်အပံ့တွေ လည်းရအောင် နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ခံကာ အရည်အသွေးပြ လုပ် ဆောင်ကြရလေသော လုပ်ဆောင်ချက်မျိုး လည်း သည်မှာဘက်ခေတ်မှာ မတွေ့ရ။
တစ်ပါးသူတို့က ယုံလို့လာ ပုံအပ် နေလေသော အလှူငွေတွေနှင့် ခပ်တည် တည်ခပ်ချေချေ ရပ်တည်လုပ်ဆောင်နေ ကြရသော အနေအထား။ သည်အနေ အထားမှာ မိမိဝန်ထမ်းတွေအတွက် အရည် အသွေး၊ အစွမ်းအစကို ရအောင် ရယူလို့ မိမိရည်မှန်းချက်ကိုရဖို့ တည့်မတ်ဆွဲ ဆောင်သွားကြရမည့် အနေအထားမှာ မိမိတို့ သွားမည့်လမ်းနှင့် အခြေအနေကို လည်း ပွင့်ပွင့်လင်းလင်း မချပြနိုင်သလို မိမိဝန်ထမ်းဘ၀ တက်လမ်း၊ အခွင့်အရေး နှင့် ရပိုင်ခွင့်၊ လုပ်ငန်းခွင် လုံခြုံရေးနှင့် သာယာရေး ၊ အနာဂတ်အလားအလာ အာမခံချက် စသည်တို့ကို ဘာဆိုဘာမှ အာမခံချက် မပေးနိုင်ပါလေ။

သည်အခြေအနေမှာ လုပ်ငန်းခွင် သို့ အသစ်ထပ်မံဝင်ရောက်လာဖို့ သစ် လွင်ကျန်းမာရေးဝန်ထမ်းတွေ ဝင်မလာ ကြ။ ဝင်နှင့်ပြီးလေသော ဝန်ထမ်းတို့ကို လည်း မြဲအောင် မဆွဲဆောင်ထားနိုင် သည့်ပြင် လုပ်ငန်းခွင်အတွက် လိုအပ် သော လူအင်အား၊ ငွေအင်အားနှင့် ပစ္စည်းအင်အားကို အပြည့်အဝ မဖြည့် ပေးနိုင်လေသည့်ပြင် လုပ်ငန်းခွင် ဖိအား တွေအတွက် အလုပ်ခွင်ကို စွန့်ခွာသွား သူက အမြောက်အမြား။ အလုပ်ဝင်ဖို့ နေရာ ၁၇၀၀ ခေါ်ပေမင့် ၁၂၀၀ သာ ဝင်သည့်ပြင် အဲသည် ဝင်လာကြသူတွေ ကိုလည်း အေးချမ်းသော လုပ်ငန်းခွင် ဖြစ်ဖို့ စိတ်ချမ်းမြေ့သော အလုပ်ဖြစ်ဖို့ မဆောင်ရွက်ပေးနိုင်။

သည်အခြေအနေမှာ မကြာ မကြာ သော ပြည်သူ့အသံနှင့် စကားဝိုင်း တွေ၊ လူမှုမီဒီယာတွေမှာ သည်လို မပြည့်မစုံ သည့် ညံ့ဖျင်းသော အစီအမံနှင့် နုံချာ သော ကွပ်ကဲကြပ်မတ်မှုတွေအကြားမှာ ကျန်းမာရေးဝန်ထမ်းတို့ ဝေဖန်ပြစ်တင် ခံ၊ အဆဲအဆို ခံကြရတာက မဆန်း။ ဝန်နှင့်အား မမျှလေသော အနေအထားမှာ သည်ဝန်ထမ်းတို့၏ စွမ်းဆောင်ရည်ကို သည့်ထက်ပိုလို့ ရလာဖို့ အမျှော်အမြင်က မရှိ။ အခြေခံပြဿနာ ဖြစ်လေသောRoot Cause  ဆိုရမည့် ပရော်ဖက်ရှင်နယ်ဆန် သော ပြောင်းလဲခြင်းကို စဖို့အတွက် အစီအစဉ် မရှိလေသည့် အခြေအနေမှာ သူနာပြုတွေ ဆက်ဆံရေး ညံ့ပါသည်လို့ မေးပြောလာတဲ့ အမေးနဲ့ ပြဿနာအပေါ် အမေစုရဲ့ သည်မနက်က အဖြေက လှပ ပါသည်။

ကျန်းမာရေးဝန်ထမ်းတွေ ၊ သူနာပြု တွေ ဆက်ဆံရေး မပြေပြစ်ပါလို့ ပြော လာတဲ့ အမေးကို အမေ့အဖြေက လှပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဆိုတာ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်း မိဘဆွေမျိုး တွေကနေ ပေါက်ဖွားလာကြတာပါပဲတဲ့။ ဘာဖြစ်လို့ မယဉ်ကျေးတာတွေ ရိုင်းစိုင်း တာတွေ ဖြစ်လာကြရပါသလဲတဲ့။ နိုင်ငံ့ ဝန်ထမ်းတွေမှာ ပင်ကိုစရိုက်ကိုက ရိုင်း စိုင်းကြမ်းတမ်းသူတွေလည်း ပါနိုင်ပေမဲ့ ရှိနိုင်ပေမဲ့ ရှိလည်းနည်းပါလိမ့်မတဲ့။ တစ် နေ့တစ်နေ့ ခံစားနေကြရတဲ့ စိတ်ဖိစီးမှု၊ အလုပ်ဖိစီးမှု၊ စားဝတ်နေရေး ဖိစီးမှု၊ မိ သားစုအခက်အခဲတွေကြောင့်သာ ပြည် သူကို ဝန်ဆောင်မှုပေးကြရာမှာ မချော မွေ့ဘူးဆိုတဲ့ အခက်အခဲတွေ ဖြစ်နေကြရ တာပါတဲ့။ ကိုယ်တိုင်က စိတ်မချမ်းမသာ ပါဘဲ အခြားသူကို ပြုံးပြဖို့ အဆင်ပြေပြေ ဝန်ဆောင်မှု ပေးနိုင်ဖို့ဆိုတာ မလွယ်ပါ ဘူးတဲ့။ ဝန်နဲ့အား မမျှမတလို့ မပြုံးနိုင်ကြ တဲ့ ပညာတတ်ဝန်ထမ်းတွေ မပြုံးပြနိုင် ရင် ကိုယ်က ပြုံးပြလိုက်ပါတဲ့။ နိုင်ငံရေး သမားပီသသော အဖြေနဲ့ လှပစွာ ရှောင် ထွက်သွားသည့် အဖြေမျိုးမို့ သည်တစ် ခေါက် အမေ့အဖြေက နာလိုခံခက်မဖြစ်ကြ ပေမယ့် အဖြေက အဲသာမဟုတ်။

နာကျဉ်လို့ ဝေဒနာ ခံစားရလို့၊ သေ မင်းနှင့် စစ်ခင်းနေရလို့သာ မလွှဲသာ မရှောင်သာ လာကြလေသော ဝေဒနာရှင် ပြည်သူတို့အတွက် ပြုံးပြဖို့ မလွယ်လှပါ။ ဝေဒနာရှင် လူနာတွေကလည်း သူ့အ သက်နဲ့ ဘ၀အတွက် လုံခြုံသော အားကိုး အားထားလောက်သော ပြည်သူ့ဆေးရုံ တွေ ပြည်သူ့ကျန်းမာရေးဌာနတွေကိုသာ လိုချင်ကြတာ ဖြစ်ပါ၏။ ဘယ်သူကမှ စိတ်လက်ချမ်းသာစွာ ပြုံးပြဖို့ ဆေးရုံ သွားကြတာ မဟုတ်ပါလေ။ အခြေခံကျ သော ပြဿနာရဲ့ရင်းမြစ်ကို ဖြေရှင်း နိုင်ဖို့သည် အရေးကြီးလှပါသည်။ အမေစု သည် သည်ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းရမည့် တာဝန်ရှိသူမဟုတ်သည့် အတွက် သူ့အဖြေကို လက်ခံပေမင့် အ ဖြေမဟုတ်။
အမှန် ပြေလည်အောင် ဖြေ ရှင်းနိုင် ဖို့ရာ တာဝန်ရှိလေသူ ဝန်ကြီးကတော့ အဲသည်အဖြေကို မဖြေနိုင်။ ကျွန်တော်တို့ ငယ်ငယ်က ကြားကြဖူးလေသော “သင် မှန်မှန်လိမ်းဖို့ တာဝန်ယူပါ။ ဝက်ခြံ တင်းတိပ်၊ မှဲ့ခြောက်ပျောက်ဖို့ တောင်ကြီး မောက်မယ်က တာဝန်ယူပါတယ်။”ဟူ သော တောင်ကြီးမောက်မယ် သနပ်ခါး ကြော်ငြာမှာလောက် တာဝန်ယူ တာဝန်ခံ ကာ ကြော်ငြာလျှင်ပင် ဝယ်လိမ်းကြမယ့် အခြေအနေမှာ တောင်ကြီးမောက်မယ် သနပ်ခါး ကြော်ငြာလောက်မှ ကျွန်တော် တို့ ဝန်ကြီးရဲ့ အဖြေနဲ့စကားက ပါးရည် နပ်ရည်မရှိပါလေ။

“လုပ်သာဝင်လာကြပါ။ ပြည်သူ့ အစိုးရလက်ထက်မှာ ပြည်သူ့အရေး အတွက် ကျွန်တော်တို့တွေ ရည်မှန်း ချက်နဲ့ အလုပ်လုပ်ကြမယ်။ ကျွန်တော် တို့ကို ယုံကြည်ပါ”လို့ ရဲရဲပြောဖို့ မရဲ သည့်အခြေအနေမှာ အကြွေးတောင်း သလိုလေးတော့ သူဆိုပါသည်။
ဆေးကျောင်းတွေ တက်စဉ်က လ စဉ်ကြေး တစ်လရှစ်ရာနဲ့ သင်ကြားပေး ထားလို့ အစိုးရဆေးရုံတွေမှာ သုံးနှစ် လောက်တော့ အကြွေးဆပ်သည့် အနေ ဖြင့် ပြန်အလုပ်အကျွေး ပြုသင့်ပါတယ် တဲ့။ သည်သောအခါမှာ ကျွန်တော်တို့ အသက် မွေးဝမ်းကျောင်းအလုပ်နှင့် ပြည်သူ တို့ မျှော်လင့်သော အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရင် မောရပါသည်။ သည်လိုပုံနှင့်သာ မိုး တွေချုပ်ပါမူသည်လို မလုံမလောက် သော ဝန်နှင့်အားမမျှသော ပတ်ဝန်း ကျင်မှာ မည်သူမှ ရေရှည်ရှင်သန်မွေ့ ပျော်မည် မဟုတ်သလို သည်အရည် အသွေးသည် အခြေအနေတွေနှင့် အရည် အသွေးမြင့်သော ဝန်ဆောင်မှုနှင့် အဆင့် အတန်းကို ရွှေပြည်တော် မျှော်လေတိုင်း ဝေးဟု ဆိုရုံသာ ။

ငြိမ်းချမ်းရေး စကားဝိုင်းလေး တွေ ကျင်းပလေတိုင်း ကျွန်တော်တို့တတွေ အထူးသတိထားပြီး စောင့်ကြည့်ကြ သည်။ နားထောင်ကြပါ၏။ အမြဲတမ်း ပြောစမှတ်စကားတွေ အဲသည်က ကြား ကြရလေ့ ရှိပေသကိုး။ အကောင်းတော့ မဟုတ်၊ ရယ်စရာကနေ မောနေကြရ သည့်အဖြစ်တွေမျိုး။

မနေ့က ပခုက္ကူမှာ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပတော့လည်း အဲသလို မှတ်သားလောက်စရာ ဘာတွေများ မိန့် ကြားကြလေမည်နည်းဟု ရင်မောစွာ ကျွန်တော်တို့တွေ စောင့်ကြည့်ကြပါ၏။
ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်း ကျောင်းအလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သသ တာဝန်ယူတာဝန်ခံပြီး အလုပ်လုပ် ကြဖို့ရာ သင့်ပြီဟု ကျွန်တော်တို့တွေ ပြောကြဆိုကြဆွေးနွေးခဲ့ကြသည်။
သို့သော် သည်ခရီးကား ဝေးလှ သည်ဟုသာ။