လျင်မြန်စွာ ကုစားခြင်း

လူတို့နေထိုင်မကောင်းဖြစ်သည့်အခါ မည်မျှအထိ လျင်လျင်မြန်မြန် ကုစားသည်ဟူသည့်အပေါ် မူတည်ပြီး ဝေဒနာခံစားရမှုနှင့် ကုန်ကျစရိတ်သက်သာသည်။ အချို့သူများသည် လဲမကျသေးမီအထိ ပေတေနေတတ်ကြပြီး အခါနှောင်းမှ ဆေးရုံဆေးခန်း သွားသည်မျိုး လုပ်တတ်ကြသည်။ ထို့အတူပင်သူငယ်ချင်းအချင်းချင်းကြား၊ မိသားစုအကြားနှင့်အဖွဲ့အစည်းအတွင်း အနာအဆာများရှိသည့်အခါတွင်လည်း လျင်မြန်စွာကုစားရန်လိုပေသည်။ အထူးသဖြင့်သူငယ်ချင်းမဟုတ်၊ မိသားစုမဟုတ်သည့်သူများနှင့် ဖွဲ့စည်းထားပြီး လုပ်ငန်းစည်းဘောင်၊ ငွေကြေး စသည်တို့ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်သည့် မကျေလည်မှုများ၊...

ဘာမှန်းမသိသော စာ

ထားဝယ်မြို့ကြီးက အလယ်က နိုင်လွန်ကတ္တရာလမ်းကြီးနဲ့ ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပေါ့ဗျာ။ အစိုးရမင်းများကိုလည်း ကျေးဇူးတင်စရာ ပေါ့ လေ။ အဲဒီနိုင်လွန်ကတ္တရာလမ်းကြီးက လေဆိပ်ကို သွားတာကိုး။ လေဆိပ်ကနေ မြို့ထဲဝင်လာတဲ့ ဧည့်သည်တွေ အတွက် အဆင်ပြေအောင် လုပ်ထားတာပေါ့။ အဲ . . .  လေဆိပ်ဆိုလို့ ပြင်ထားတာ...

ဝန်ထမ်းတွေလစာတိုးသင့်မသင့်

လူထုစစ်တမ်း လုပ်စရာမလိုပါဘူး၊ဝန်ထမ်းတွေ လစာတိုးသင့်ပါတယ်။ ဘယ်လောက် ထိတိုးသင့်လဲဆိုရင် စားဝတ်နေရေး မကြောင့်ကြရဘဲ ပြည်သူဝန်ကို ဂုဏ်သိက္ခါရှိရှိ မိမိကျွမ်းကျင်ရာလိမ္မာရာနဲ့ မိမိတာဝန်ကို အပြည့်အဝထမ်းဆောင်နိုင်လို့ မိမိကိုယ်တိုင် တန်ဘိုးထားကျေနပ်နှစ်သိမ့်နိုင်တဲ့ အခြေအနေ ရောက်တဲ့အထိ လစာကိုတိုးမြငှ့် ပေးသင့်ပါတယ်။   ဒါမှ အရည်ချင်းရှိတဲ့ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်သလို ရေရှည်မှာ လူကောင်း သူကောင်းတွေကို...