ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ ကျော်နှင့်အတူဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မြောက်ပိုင်း ထာလန်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦးကို စိတ်ကြွ မူးယစ်ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမား ကိုဟံမော်အမည်ရှိသူသည် အလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ပြီး သတင်းပေးတိုင်ကြားချက်ရရှိသဖြင့်...

အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၈ဦးကို ဘတ်တစ်သန်းကျော်လျော်ကြေးပေးရန် ထိုင်းတရားရုံးအမိန့်ချ

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရသည် မြန်မာအလုပ်သမား ၂၈ဦးကို ဘတ် ၁ဒသမ ၃သန်းကျော် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ထံမှ သိရသည်။ ၂ နှစ်ကြာ...

ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သား ၇ ဦးသေဆုံး၊ လျော်ကြေးချက်ချင်းပေးရန် ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ကရိန်းပြိုကျပြီး မြန်မာအလုပ်သမား ၇ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညနေ ၄ နာရီခွဲခန့်တွင် Xin Ke...

နှစ်ရက်အတွင်း တရားမဝင် မြန်မာ အလုပ်သမား ၃၁ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံသို့ သွားရောက်မည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၁ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ အဝေးပြေး လမ်းပေါ်တွင် နှစ်ရက်အတွင်း ဖမ်းမိခဲ့ သည်ဟု ကရပူရိမြို့နယ်ပါချန် ရဲစခန်း ထံမှ သိရသည်။ မေလ ၅ ရက်နေ့တွင် ရနောင်း ခရိုင် ကရပူရိမြို့နယ်၊ ချွန်ဖွန် ရပ်ကွက် အနီး...

ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦး ဘန်ကောက်တွင် ဝတ်လစ်စားလစ်ဖြင့်သေဆုံး

ကော့သောင်းဒေသခံ မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ သူနေထိုင်ရာအခန်းအတွင်း၌ ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မ--- ဖြစ်ပြီး “ထားဝယ်သူ”...

ထိုင်းတွင် MOU လုပ်သားများ ၂ လ နီးပါး အလုပ်ပုံမှန်မရသဖြင့် အခက်အခဲဖြစ်နေ

ထိုင်းနိုင်ငံတွင် MOU မြန်မာအလုပ်သမား ၁၃ ဦး ၂ လနီးပါးကြာသည်အထိ အလုပ်ပုံမှန်မလုပ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ယင်းမြန်မာအလုပ်သမားများမှာ မြန်မာအေဂျင်စီပြည့်ပိုင်မှူးမှတစ်ဆင့် စူဖန်ဘူရီနှင့် စမွတ်ပရကန်ရှိ ကုမ္ပဏီများတွင်...

ပထုံဌာနီတွင် မြန်မာလုပ်သားတစ်ဦး မျက်လုံးပေါက်ထွက်သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ အဆောက်အအုံတစ်ခု၏‌ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး အဝတ်အစားမပါဘဲ၊ မျက်လုံးတစ်ဖက်ပေါက်ထွက်၍ သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လမ်လုကာနယ်မြေ ခူခွတ်ဒေသရှိ...
Photo: ข่าวสารชลบุรี-ระยอง

ထိုင်းတွင် လျှပ်စစ်စက်ရုံက လုပ်သား ၁၆ဝကို နစ်နာကြေးပေးပြီး အလုပ်ထုတ်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံသည် လုပ်ငန်းအရှုံးပေါ်သဖြင့် အလုပ်သမားဦးရေ လျှော့ချသည့်အနေဖြင့် အလုပ်သမား ၁၆၀ ဦးကို နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ချွန်ဘူရီခရိုင် ခလောတမ်းရူဒေသ အမတစက်မှုဇုံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော SIAM ORIENT...

တနင်္သာရီနယ်စပ် ဖက်ချ်ဘူရီခရိုင်တွင် ဖောင်စီးလာသော မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ

တနင်္သာရီမြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်ရှိ ချောင်းထဲတွင် ဖောင်စီးပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၀ရက်က ဖက်ချ်ဘူရီခရိုင် အမျိုးသားဥယျာဉ်တစ်ခုတွင် အာဏာပိုင်များက ကွင်းဆင်းလေ့လာပြီး လှေစောင့်ဆိုင်းနေစဉ် ဖောင် ၂...

ထိုင်းသို့ တရားမဝင်လာသော မြန်မာလုပ်သားများ စီးလာသောကားတိမ်းမှောက်၊ လေးဦးသေဆုံး

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ လာသောကားသည် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအလုပ်သမား လေးဦးသေဆုံး ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ နံနက်...