ထားဝယ်ဆိပ်ကမ်းသို့ ကုန်စည်ဝင်ရောက်မှု တန်ချိန်နှစ်သောင်းကျော်တိုးလာ

ယခုနှစ်လေးလတာကာလအတွင်း ထားဝယ်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ကုန်  ပစ္စည်းဝင်ရောက်မှုမှာ ယခင်နှစ် လေးလထက် တန်ချိန်နှစ်သောင်းကျော်ပိုများလာကြောင်း ထားဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ယမန်နှစ် ဧပြီလမှ ဇူလိုင်လအထိ ကုန်တင်သင်္ဘော ၉၁ စီးဖြင့် ကုန်တန်ချိန်လေးသောင်းခွဲခန့်သာ ဝင်ရောက်ခဲ့သည်။ ယခုနှစ် ကာလတူလေးလတွင်ကုန်သင်္ဘော ၁၂၇ စီးဖြင့် ကုန်တန်ချိန်ခြောက်သောင်းခွဲကျော် ဝင်ရောက်ခဲ့ကြောင်း အထက်ပါဌာန မှတ်တမ်းအရသိရသည်။ အထက်ပါ စာရင်းများအရ...

ကျွန်းစုတွင် တရားမဝင်သစ် သယ်လာသည့် လှေတစ်စီး ဖမ်းမိ

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် တရားမဝင်သစ်များ သယ်လာသည့် လှေတစ်စီးကို ဇူလိုင်လ ၂၃ရက်က တပ်မတော်ရေယာဉ်က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ကျွန်းစုမြို့နယ်အတွင်းရှိ ပင်ကွင်း ကျွန်း အနောက်မြောက်ဘက် ပင်လယ်ပြင်တွင် အလျား ၄၂ ပေခန့်ရှိ အမည်မရှိသည့် သစ်ခိုးလှေပေါ်တွင် သစ်ခွဲသားဆိုဒ်စုံ ၆ တန်ခန့်ကို တပ်မတော်ရေယာဉ်က ဖမ်းဆီးခဲ့ကြောင်း...

ကော့သောင်းနယ်စပ်တွင် ထိုင်းသွားမည့် ခရီးသည်များ၏ ခရီးဆောင်အိတ် စတင်စစ်ဆေး

ကော့သောင်းနယ်စပ် မြို့မတံတားဂိတ်တွင် ထိုင်းနိုင်ငံသွားမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များကို X-ray စက်ဖြင့် ဇူလိုင် ၂၈ရက်တွင် စတင်စစ်ဆေးလျက် ရှိသည်။ ထိုင်းနိုင်ငံသို့ သွားမည့် ခရီးသည်များသည် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လုပ်သည့်အခါ X-ray စက်တွင် ခရီးဆောင်အိတ်များကို အစစ်ဆေးခံရမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ဒုရဲမှူး ဦးမျိုးထွန်းဦးက ဆို သည်။ X-ray စက်တွင် ခရီးဆောင်အိတ်များ အစစ်ဆေးခံပြီးမှသာ...

ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ ဘတ်ငွေ ငါးသိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်များ လာလှူ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်နှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန် ခရိုင်ဝန် ဦးဆောင်သည့် အဖွဲ့က ဇူလိုင်လ ၂၇ ရက်က တနင်္သာရီမြို့နယ်မှ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘတ်ငွေ ငါး သိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ် ၆ စီးခန့်ဖြင့်...

သဘာဝဘေးကြောင့် လူသုံးဦး သေဆုံး၊ နေအိမ် ၁၆ အိမ်ပျက်စီး

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ အတွင်း သဘာဝဘေးကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၆ ဆောင် ပျက်စီးခဲ့ကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ လှိုင်းကြီးကာ လှေနစ်မြုပ်မှုကြောင့် လူနှစ်ဦး၊ မြေပြိုကျခြင်းကြောင့် လူတစ် ဦး စုစုပေါင်း လူသုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင်...

တနင်္သာရီ ပင်လယ်လိပ် ထိန်းသိမ်းရေးစခန်းတွင် လိပ်လာဥသည့်နှုန်းပြန်တက်

တနင်္သာရီတိုင်းတွင် တစ်ခုတည်း သာရှိသည့် ပင်လယ်လိပ်ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရေးစခန်းတွင် ပြီးခဲ့ သည့်နှစ်ပိုင်းက ပင်လယ်လိပ်များ ဥလာ ချနှုန်း ကျဆင်းလာခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ပြန်တက်လာကြောင်း ငါးလုပ် ငန်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ရုံးမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။ လောင်းလုံးမြို့နယ် ရေပြင်ရှိ...

တနင်္သာရီရေပြင်တွင် အသစ်တူးမည့် ရေနံတွင်းများကြောင့် ဒေသခံ ငါးဖမ်းလုပ်ငန်းများ အခက်တွေ့နိုင်ဟုဆို

တနင်္သာရီတိုင်းရေပြင်တွင် အသစ် တူးဖော်မည့် ရေနံတွင်းများကြောင့် ဒေသခံငါးဖမ်းလုပ်ငန်းများ အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ရေလုပ်သားတစ်ချို့က ဆိုသည်။ ရေနံတွင်းနှစ်တွင်းတူးဖော်မည့် ဧရိယာတွင် ငါးအထိအမိများပြီး ယင်း နေရာတွင် ငါးဖမ်းခွင့်မရပါက ဒေသခံ ငါးဖမ်းလုပ်ငန်းများ အခက်ခဲကြုံတွေ့နိုင် ကြောင်း လောင်းလုံးမြို့နယ် သဘော့ ဆိပ်ရွာနေ ငါးဖမ်းလှေနှစ်စီးပိုင်ဆိုင်သူ...

မောတောင်မြို့ လမ်းခင်းရာတွင် အရည်အသွေးမမီသည့် ကျောက်များတွေ့

မောတောင်မြို့တွင် ခင်းနေသည့် ကွန်ကရစ်လမ်းများတွင် အရည်အသွေး မမီသည့်ကျောက်များ စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း မောတောင်မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဇူလိုင်လ ၁၄ ရက်က တနင်္သာ ရီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း...

မွန်ပြည်နယ်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်

မွန်ပြည်နယ်တွင် လက်ကျန်ဆား ကြမ်းနည်းသည့်အတွက် ဆားကြမ်းဈေး တစ်ပိဿာပေါက်ဈေး ကျပ် ၂၃၀ ထိ စံချိန်တင်မြင့်တက်နေသည်ဟု ပြည်နယ် အတွင်းရှိ ဆားရောင်းဝယ်သူများနှင့် ဆားလုပ်ငန်းရှင်များထံမှ သိရသည်။ ဆားရာသီတွင် ဆားအထွက်နည်း ပါးခဲ့ခြင်းနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုကြောင့် ဆားပျက် စီးမှုရှိခဲ့သောကြောင့် လက်ကျန်ဆား ကြမ်းနည်းပါးသွားသည့်အတွက်...

တနင်္သာရီရေဘေးသင့်ပြည်သူများကို အရေးပေါ်လူနာတင်ယာဉ်ကွန်ရက်မှ အစားအစာနှင့် ပစ္စည်းများသွားလှူမည်

တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများကို ထားဝယ်ခရိုင် အရေးပေါ် လူနာတင်ယာဉ် ကွန်ရက်အဖွဲ့ဝင်များက အစားအစာ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်အထည်များကို ဇူလိုင်လ ၂၈ ရက် တွင် သွားလှူမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ငွေကျပ်သိန်းတစ်ရာခန့်တန်ဖိုးရှိ ဆန်၊ ရေသန့်၊ အစားအစာ၊ မီးဖိုးချောင်...