တနင်္သာရီ ပင်လယ်လိပ် ထိန်းသိမ်းရေးစခန်းတွင် လိပ်လာဥသည့်နှုန်းပြန်တက်

0
450

တနင်္သာရီတိုင်းတွင် တစ်ခုတည်း သာရှိသည့် ပင်လယ်လိပ်ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရေးစခန်းတွင် ပြီးခဲ့ သည့်နှစ်ပိုင်းက ပင်လယ်လိပ်များ ဥလာ ချနှုန်း ကျဆင်းလာခဲ့ပြီး ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် ပြန်တက်လာကြောင်း ငါးလုပ် ငန်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ရုံးမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။
လောင်းလုံးမြို့နယ် ရေပြင်ရှိ လောင်းလုံးဘုတ်ကျွန်းလုပ်ဆောင်နေ သည့် ပင်လယ်လိပ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းကို ၂၀၀၅ ခုနှစ် ကတည်းက ဖွင့်လှစ်ထားကြောင်း အထက် ပါဌာနထံမှ သိရသည်။
လောင်းလုံးဘုတ်ကျွန်း အနောက် ဘက်ရှိ သောင်ပြင်တွင် အထက်ပါစခန်း တည်ရှိပြီး ပြင်သာလိပ်(ဒေသအခေါ် ဘုတ်လိပ်)တစ်မျိုးသာ ဥချကာ လိပ်ဥ တစ်ကျင်းလျှင် ဥအလုံးရေ ၈၀ မှ ၁၂၀ ကြားရှိကြောင်း ဦးစီးအရာရှိ ဦးစိုးသန့်က ဆိုသည်။

အထက်ပါဌာန၏ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း စာရင်းအရ ၂၀၁၃ – ၂၀၁၄ ခုနှစ်တွင် လိပ်ဥကျင်း ၁၁ ကျင်း ဥချရာမှ တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လိပ်ဥကျင်း ၂ ကျင်းသာ ဥချတော့သည်။
သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ဥကျင်း ၁၀ ကျင်း လာဥချခဲ့ သည့်အတွက် ပြန်တက်လာသည့် အနေ အထား ဖြစ်သည်။
ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ် ငန်းများမှ အသံနှင့် မီးအလင်းရောင်များ ကြောင့် အနှောင့်အယှက်ဖြစ်ကာ ပင် လယ်လိပ်များ ဥချနှုန်း ကျဆင်းခြင်း ဖြစ်နိုင်သည်ဟု ဦးစိုးသန့်က သုံးသပ်သည်။

“ဥဖို့ သဲသောင်ကို လာတဲ့အချိန်မှာ အနှောင့်အယှက်တွေရှိရင် လျော့သွား တတ်တယ်”ဟု ဦးစိုးသန့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် ဧပြီလဝန်းကျင်အထိ ဘုတ်ကျွန်းခရီးစဉ် နာမည်စကြီးလာပြီး ယင်းကျွန်းနှင့် အနီးတစ်ဝိုက်သို့ လာ ရောက်လည်ပတ်သူ အများအပြားရှိခဲ့ သည်။
ယင်းနောက်ပိုင်းတွင် အဆိုပါ ကျွန်း မြေသည် တပ်မတော်ပိုင်မြေဖြစ်သည်ဟူ သည့်အချက် အပါအဝင် အခြားအချက် အချို့ကြောင့် ဘုတ်ကျွန်းခရီးစဉ်ကို တားမြစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် လာရောက် လည်ပတ်သူ အနည်းငယ်သာ ရှိတော့ သည်။
ထို့အပြင် ကင်းမွန်မီးထွန်းလှေများ သည် ဘုတ်ကျွန်းရေပြင်တစ်ဝိုက်တွင် မီးထွန်းငါးဖမ်းလေ့ရှိသည်။
ပြင်သာလိပ်များက တပေါင်း(သို့)တန်ခူးလတွင် အများဆုံး လာဥလေ့ရှိ ကြောင်း သိရသည်။
လိပ်ဥကို ရေထိပါက သားပေါက် နှုန်းကျဆင်းလေ့ရှိပြီး နွေရာသီတွင် ဥပါ က သားပေါက်နှုန်းများကြောင်း ၎င်းက ရှင်းပြသည်။

ပြင်သာလိပ်အရွယ်အစားမှာ အ ရှည် ၄၃ စင်တီမီတာမှ ၈၉ စင်တီမီတာ အထိရှိပြီး သက်တမ်းနှစ်တစ်ရာဝန်းကျင် အထိ အသက်ရှည်ကြောင်း ဦးစိုးသန့်က ဆိုသည်။
တနင်္သာရီတိုင်းတွင် ပြင်သာလိပ်၊ လိပ်ကြက်တူရွေး၊ လိပ်လှောင်း၊ လိပ်ခွေး အစရှိသည့် လိပ်အမျိုးအစား ၄ မျိုးကို တွေ့ရပြီး အထက်ပါစခန်းတွင် ပြင်သာ လိပ်တစ်မျိုးသာ လာဥကြောင်း အထက် ပါဌာနထံမှ သိရသည်။
လောင်းလုံးဘုတ်ကျွန်းရှိ ပင်လယ် လိပ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထားရှိကာ စတင်တည် ထောင်သည့် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ လိပ်ဥ ၈၈၃၅ လုံးမှ သားပေါက် ကောင်ရေ ၃၉၃၉ ကောင်ကို ပင်လယ် ပြင်သို့ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း အထက် ပါဌာနထံမှ သိရသည်။
လိပ်များကို မျိုးတုံးလုနီးပါးသတ္တ ဝါမျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ထိန်းသိမ်းကာ ကွယ်လျက် ရှိသည်။

ခုနှစ် လိပ်ဥကျင်းအရေအတွက်
၂၀၀၅-၂၀၀၆                          ၅
၂၀၀၆-၂၀၀၇                          ၇
၂၀၀၇-၂၀၀၈                          ၇
၂၀၀၈-၂၀၀၉                         ၈
၂၀၀၉-၂၀၁၀                         ၆
၂၀၁၀-၂၀၁၁                        ၁၇
၂၀၁၁-၂၀၁၂                       ၇
၂၀၁၂-၂၀၁၃                       ၅
၂၀၁၃-၂၀၁၄                       ၁၁
၂၀၁၄-၂၀၁၅                        ၉
၂၀၁၅-၂၀၁၆                        ၆
၂၀၁၆-၂၀၁၇                        ၂
၂၀၁၇-၂၀၁၈                      ၁၀