တောကြက်ထောင်သူကို တောကြက် ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်

ကံပေါက်ဒေသေတွင် တောကြက် ထောင်ဖမ်းသူကို တောကြက်ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဇန်န၀ါရီလ ၂၄ ရက်က ဖောင်းတော ကျေးရွာအုပ်စုရှိ ပိုက်တဲလေးကျေးရွာနေ အသက် ၄၈နှစ်အရွယ်ရှိ အမျိုးသားနှင့် သားဖြစ်သူတို့သည် ရွာမှ သုံးမိုင်ခန့် အကွာရှိ တောင်ပေါ်တွင် တောကြက် ထောင်ခဲ့ကြောင်း...

မြိတ်အဝေးပြေးကားဝင်းအနီး မုဒိမ်းကျင့် လူသတ်မှုဖြစ်

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာရှိ အဝေးပြေးကားဝင်းအနီး၌ မုဒိမ်းကျင့် လူသတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။ ဇန်န၀ါရီ ၁၉ ရက်၊ ည ၁၂ နာရီခွဲ အချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် အဝေးပြေးကားဝင်း နံဘေးရှိ ရွှေပြည်တန် လမ်းမကြီး၌ အထုပ်တစ်ထုပ် သယ်ဆောင်လာသည့်...

ရခိုင်တွင် အဖမ်းခံရသည့် တနင်္သာရီတိုင်းမှ ရေလုပ်သားများ ပြန်လွတ်၊ လှေများ ထိန်းသိမ်းခံထားရဆဲ

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်တွင် အချုပ်သားအဖြစ် အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရသည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှ ကမ်းနီးရေလုပ်သား ၅၃ ဦး ပြန်လွတ်လာပြီဖြစ်သည်။ ၎င်းတို့သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရခိုင်ပြည်နယ် ငပလီမြို့တွင် ဖမ်းဆီးခံရသော လောင်းလုံးမြို့နယ် မောင်းမကန်၊ ပန်းတင်အင်း၊ ကျောက်ဆင်ရွာများမှ လှေ ၆...

တနင်္သာရီ ဗိုလ်စွဲပြီ

အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ တနင်္သာရီတိုင်း ဗိုလ်စွဲသွားပြီ ဖြစ်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် အသက် ၂၁ နှစ်အောက် ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ မကွေးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက် ညနေ...

ခရိုင်၊ မြို့နယ်အဆင့် လူငယ်ရေးရာ ကော်မတီများကို ခြောက်လအတွင်းဖွဲ့မည်

တိုင်းအတွင်း ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများကို ခြောက်လအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုဟိန်းထက်က ပြောသည်။ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကော်မတီများတွင် လူငယ်ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းနှင့် အစိုးရကိုယ်စားလှယ် ၄၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ လ ၁၆ ရက်မှ လာမည့်အချိန်ခြောက်လ...

ထားဝယ်တွင် တိရစ္ဆာန်ရောဂါရှာ ဖွေရေးဓာတ်ခွဲခန်း လာမည့်နှစ် စသုံးနိုင်မည်

ထားဝယ်မြို့တွင် တည်ဆောက်ထားသည့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ရောဂါရှာဖွေရေးလုပ်ငန်းများကို လာမည့်နှစ်တွင်စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(တိမွေးကု)ထံမှ သိရသည်။ တိုင်းဒေသကြီး တိမွေးကုရုံးဝင်း အတွင်းရှိ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ် ခွဲခန်းအဆောက်အအုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ထားသည်။ လက်ရှိတွင် ရောဂါရှာဖွေရေးဓာတ် ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူရန် တိုင်းအစိုးရ ဘတ်ဂျက်မှ ငွေကျပ်သိန်း...

ကျေးရွာပေါင်း၁၇၀ တွင် တစ်အိမ်သုံးဆိုလာ တစ်သောင်းနီးပါးတပ်ဆင်မည်

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း ရှိ ကျေးရွာပေါင်း ၁၇၀ တွင် တစ်အိမ်သုံး ဆိုလာအစုံရေ တစ်သောင်းနီးပါး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။ ဘက္ထရီအိုး၊ အင်ဗာတာ၊ မီးကြိုး၊ မီးသီးငါးလုံးနှင့် ဆက်စပ်ပစ္စည်များ အပါအဝင် တစ်အိမ်သုံး ၆၀ ဝပ် အမျိုးအစား ဆိုလာ...

မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

တနင်္သာရီတိုင်းအတွင်း မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(တိုင်း)ကို ဇန်နဝါရီ လ ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုဟိန်းထက်က ပြောသည်။ တိုင်းအစိုးရရန်ပုံငွေဖြင့် တည်ဆောက်မည့် အများပြည်သူအဆောက်အအုံများတွင် မသန်စွမ်းသူများ အကျုံးဝင်အသုံး ပြုနိုင်မည့် ၀ှီးချဲသွားလမ်းကဲ့သို့ နေရာများ...

ကံပေါက်တွင် ဧကငါးသောင်းကျော် ဓာတ်သတ္တု စမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္မဏီ အဆိုပြုမှု မြေပြင်အခြေအနေ စိစစ်ဆဲ

ကံပေါက်ဒေသရှိ မြေဧက ငါးသောင်းကျော်တွင် ဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္ပဏီက အဆိုပြုမှုကို မြေပြင်အခြေအနေ စိစစ်ဆဲဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဇန်န၀ါရီ ၇ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရေဖြူမြို့နယ်၊...

တိုင်းအစိုးရအဖွဲ့၏ ဦးစားပေး လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာရေးနှစ်တွင် ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီလ ၁၇ ရက်က ပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာ အချက်အလက်များစာစောင်တွင် ထည့်သွင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ဦးစားပေးလုပ်ငန်း ၁၄ ခုကို သတ်မှတ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်...