ရွှေပဒုမ္မာကုမ္ပဏီထံမှ ပြန်သိမ်းသည့် မြေပေါ်တွင် ဧကငါးဆယ်ကို ဒေသခံများအား လုပ်ကိုင်ခွင့်ပြု

ရေဖြူမြို့နယ်အတွင်းရှိ ရွှေပဒုမ္မာ ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့်မြေပေါ်တွင် ဒေသခံ ကိုးဦးအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၅၀ ကို လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ ဒေသခံများလျှောက်ထားသည့် မြေနေရာကို တိုင်းဒေသကြီး မြေလွတ်မြေ လပ်လုပ်ငန်းအဖွဲ့မှ ခွင့်ပြုပြီး...

မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား သုံးသောင်းကျော်( ၃၀၅၆၄ ဦး) ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သားအရေ အတွက်သည် ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ/ သားအရေအတွက်ထက် ၂၉၀၇ ဦးပိုများ လာကြောင်းပြည် နယ်ပညာရေးမှူးရှိ စာရင်းအရ...

မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့် သံလွင်ဈေး ငါးဒိုင်များကို ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ပြောင်းရွှေ့သွားမည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောသည်။ သံလွင်ဈေးငါးဒိုင်များမှ ထွက်သည့် ငါးညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေ ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည်။ ထို့အပြင် ငါးပုံးတင် ဆယ့်နှစ်ဘီး တပ် ကုန်ကားကြီးများ...

သထုံတွင် Sodium Cyanide အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိ

မွန်ပြည်နယ် သထုံမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် တွင် Sodium Cyanide (ထိန်းချုပ် ဓာတုပစ္စည်း) အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိသည်ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ Sodium Cyanide သည် ပတ်ဝန်းကျင်အား အဆိပ်သင့်စေတတ်သည့်အတွက် သက်ဆိုင်ရာဌာနများ၏ စိစစ် ခွင့်ပြုချက်ဖြင့်သာ...

မြိတ်တွင် ပြည်ထောင်စုနေ့ စုပေါင်းစက်ဘီးစီးပွဲတော် စက်ဘီး ၅ စီး မဲဖောက်ပေးမည်

၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်ကျင်းပမည့် စုပေါင်းစက်ဘီးစီးပွဲတော်တွင် ကံစမ်းမဲအဖြစ် စက်ဘီးငါးစီး မဲဖောက်ပေးမည်ဖြစ်ကြောင်း မြိတ်စက်ဘီးစီးအသင်း ထံမှ သိရသည်။ ပြည်ထောင်စုနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) ကျင်းပမည့် ယင်းစက်ဘီးစီးပွဲ တော်တွင် မည်သည့်စက်ဘီးဖြင့်မဆို လာ ရောက်စီးနင်းနိုင်ပြီး စက်ဘီးစီးနင်းသူများအား အမှတ်တရ အင်္ကျီလက်ဆောင်များလည်း ပေးအပ်မည်ဖြစ်ကြောင်း အထက်ပါ...

တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့် ရက်ထပ်ရွှေ့ ပြန်

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု အပြီးသတ်အမိန့်ချမည့် ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ပြန်သည်။ အဆိုပါ အမှုကို အပြီးသတ်အမိန့်ချ ရန် ဇန်န၀ါရီလ ၂၄ ရက်က ပထမဆုံးအကြိမ် ချိန်းဆိုထားခဲ့သော်လည်း အမိန့် ချမည့် ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့်က နေပြည်တော်တွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတက်နေသည့် အတွက်...

မြိတ်လျှပ်စစ်မီး ယခုလအတွင်း မြိတ်အများပိုင် တာဝန်စယူမည်

မြိတ်မြို့အတွက် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို ယခုလအတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းထံမှ သိရသည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ဒီဇယ်ဈေးနှုန်းအပေါ်မူတည်တွက်ချက်ထားသည့် သတ်မှတ်မီတာခနှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု ထုတ်ပြန်ထားသည့်ကုမ္ပဏီ ဖြစ်သည်။ “ဒီလ(ဖေဖော်ဝါရီလ)အတွက် ဈေးက မသိရသေးဘူး၊ အကြမ်းအဖျင်း လျာထားတာက ကျပ် ၃၉၀ နှုန်းပါ”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏...

ကော့သောင်းတွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မူဖြစ်

ကော့သောင်းမြို့နယ်၊ ဘန်းကခွန် ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ညီအစ်ကို နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မူဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။ နေအိမ်တွင် မိဘများမရှိခိုက် တစ်အိမ်တည်းနေ ညီအစ်ကိုနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာ ညီဖြစ်သူက အစ်ကိုဖြစ်သူအား ဓားကောက်ဖြင့် လည်ပင်းအား ခုတ်သတ်မူဖြစ်ပွားခဲ့သည်ဟု...

ထားဝယ်ထီဆိုင်အချို့ တစ်ထောင်တန်ထီလက်မှတ်ကို ၁၁၀၀ ကျပ်ဖြင့်ရောင်း

ထားဝယ်မြို့ရှိ ထီဆိုင်အချို့တွင် တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များကို ၁၁၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ရန်ကုန်မြို့ မိုးယံပင်ရင်းတွင် တစ်ထောင်ကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်လျှင် ၉၆၀ ကျပ်ဖြင့် ဝယ်ရပြီး သယ်ယူစရိတ်နှင့် အထွေထွေ စရိတ်များကြောင့် ၁၀၀၀ ကျပ်ဖြင့်ပြန် ရောင်းပါက တွက်ခြေမကိုက်ဟု ထားဝယ် မြို့၊ ဗိုလ်ချုပ်လမ်း တလိုင်းထိန်ရပ်ရှိ...

မြိတ်စည်ပင်သာယာဈေးကြီး ပြန်လည်မွမ်းမံရန်သာ ဈေးသူဈေးသားများ အဆိုပြု

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးကြီးအား အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက်မည့်အစား နဂိုရှိရင်းစွဲ အနေအထားကို ပြန်လည်မွမ်းမံ သွားရန်သာ ဈေးသူဈေးသားများ အဆိုပြုခဲ့ကြသည်။ ဖေဖော်ဝါရီလ ၃ ရက်က မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည့် ဆိပ်ငယ်ဈေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ဈေးသူဈေးသား များ၏ ဆန္ဒသဘောထားတောင်းခံခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ ဈေးသူဈေးသား...