ထီးခီးလမ်းအတွက် ချေးငွေ ထုတ်ချေးမည့်အဖွဲ့နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်သို့ ဒေသခံများ အကြံပြုချက်ပေးပို့

ထားဝယ်-ထီးခီးလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းအတွက် မြန်မာအစိုးရကို ချေးငွေ ဘတ် ၄.၅ ဘီလီယံထုတ် ချေးပေးမည့် ထိုင်းနိုင်ငံ NEDA အဖွဲ့နှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ထံသို့ အကြံပြုချက် ၇ ချက်ကို ယင်းလမ်းပိုင်း တစ်လျှောက် ထိခိုက်မှုရှိခဲ့သည့် ဒေသခံများက ပေးပို့ခဲ့သည်။ ထားဝယ်-ထီးခီးလမ်းစီမံကိန်းကြောင့် ထိခိုက်ခဲ့သည့် ခမောင်းသွယ်...

အကျဉ်းသားတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ဆယ်ကျော် ဖမ်းမိ

တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားတစ် ဦးထံမှ WY စိတ်ကြွဆေးပြားနှစ်ဆယ်ကျော်ကို သြဂုတ်လ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ပြင်ပအလုပ်ခွင်တွင် ၀ါးခုတ်ရာမှ ပြန်လာသည့် အသက်၂၈ နှစ်...

တိုင်းအတွင်း လူမှုဝန်ထမ်းက ဆောက်သည့် မူကြို လေးကျောင်း သာရှိ

တနင်္သာရီတိုင်းအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်ထားသည့် မူလတန်းကြိုကျောင်း လေးကျောင်းသာ ရှိကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။ ယင်းလေးကျောင်းမှာ ထားဝယ်မြို့ ဆန်းချီမူလတန်းကြိုကျောင်း၊ လောင်း လုံး မောင်းမကန် မူလတန်းကြိုကျောင်း၊ မြိတ် ရေပုန်းရပ်ကွက်ရှိ မူလတန်းကြို ကျောင်းနှင့် ပုလောမြို့ရှိ...

ပညာရေးဝန်ထမ်းများ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း လှုပ်ရှားမှုတွင် မပါဝင်ရန် ညွှန်ကြား

ပညာရေးဝန်ထမ်းများ နိုင်ငံရေးပါ တီ၊ အဖွဲ့အစည်းများ၊ NGO များနှင့် CSO များ၏ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားများတွင် မပါဝင်ရန် ပညာရေး ၀န်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက သြဂုတ်လ ၇ ရက်က ညွှန်ကြားချက်ထားသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။

လောင်းလုံးတွင် အားဆေးတစ်မျိုး တိုက်ကျွေးပြီးနောက် ကျောင်းသား တစ်ရာကျော် မူးဝေ၊ ဗိုက်အောင့်ပြီး ဆေးရုံရောက်

လောင်းလုံးမြို့နယ် ညင်းမော်ကျေး ရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ တစ်ရာ ကျော်( ၁၂၉) ဦးသည် အားဆေးတစ်မျိုး သောက်ပြီးနောက် မူးဝေ၊ အော့အန်၊ ဗိုက်အောင့်မှုဖြစ်ပွား သဖြင့် လောင်းလုံး ဆေးရုံသို့ တင်ပို့ထားရကြောင်း ယင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။

မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မွန်လူငယ်များ ဦးဆောင်ကျင်းပ

ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်တော်လှန် ရေးနေ့တွင် ဗဟိုအဆင့်အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပခဲ့သည်ဟု မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်း အနား ကျင်းပရေးကော်မတီထံမှ သိရသည်။ ၇၂ ကြိမ်မြောက် မွန်တော်လှန်ရေး နေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ် မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ...

ရေစီးသန်သည့် ကျိုက်မရောသို့ အလှူရှင်များ ကိုယ်တိုင်သွားမလှူရန် ပြည်နယ်အစိုးရ မေတ္တာရပ်ခံ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် အတ္တရံမြစ်ရေ ရေစီးသန်နေသည့် အခြေအနေကြောင့် လတ်တလောတွင် အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မလှူဒါန်းကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။ လတ်တလော အခြေအနေအရ အတ္တရံမြစ် ရေစီးသန်နေခြင်း၊ ရေဘေး အန္တရာယ်...

တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်က ခွင့်ပြုချက်တင်ရန် ညွှန်ကြား

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ဆန္ဒထုတ်ဖော်ပါက ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း ခွင့်ပြုချက်တင်ရန် အဆင့်မြင့်ပညာဦးစီးဌာနက သြဂုတ်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ်အချို့ထံမှ သိရသည်။ ဆန္ဒထုတ်ဖော်မည့် အကြောင်းအရာ၊ ခန့်မှန်းလူဦးရေ၊ အချိန်၊ နေရာ စသည့်...

ပြည်ထောင်စုလွှတ်တော် သဘာဝဘေးထောက်ပံ့ပေးရေးအဆိုတွင် တနင်္သာရီတိုင်း မပါသဖြင့် တောင်းဆိုခဲ့ရ

ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် အသက်အိုး အိမ်စည်းစိမ်ဆုံးရှုံး မှုများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း တင်ခြင်းနှင့်  လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို ကူညီထောက်ပံ့ပေးမည့်အဆိုတွင် တနင်္သာရီတိုင်း မပါဝင်သဖြင့် တောင်း ဆိုခဲ့ရသည်။ သြဂုတ်လ ၁၃...

တနင်္သာရီတိုင်းတွင် လယ်ဧက နှစ်သောင်းနီးပါး ရေမြုပ်၊ မြေဖုံး

တနင်္သာရီတိုင်းအတွင်း ရေကြီးတောင်ပြိုမှုများကြောင့် လယ်ဧက နှစ်သောင်းနီးပါးရေမြုပ်ကာ မြေဖုံးခဲ့ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရသည်။ သြဂုတ်လ ၁ ရက်မှ ၁၄ ရက်အထိ စာရင်းအရ ရေကြီးနစ်မြုပ်၊ မြေဖုံး လယ်မှာ ထားဝယ်ခရိုင်တွင် ဧကရှစ်ထောင်ကျော် (၈၂၆၅ဧက)၊...