Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ပေါ် မြေယာအငြင်းပွားမှု ခုနစ်ဦး အမှုနှစ်မှု ဖွင့်ခံရ

ထားဝယ်မြို့ပေါ်ရှိ မြေယာအငြင်း ပွားမှုဖြစ်စဉ်တွင် လယ်သမားခုနစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ၎င်းတို့ကိုဝန်းရံသည့် လယ်သမားအချို့အား အမှုဖွင့်ထားခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးကျူစခန်းမှ ထွက်ပြေးသွားသူကို ရှစ်ရက်ကြာမှ ပြန်ဖမ်းမိ

လောင်းလုံးမြို့၊ မိုးကုပ်ရိပ်သာကွာ ရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို စက်တင်ဘာလ ၂၅ ရက်တွင် ပန်းတလဲကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြော သည်။ အသက် ၂၇ နှစ်အရွယ် ကုန်းဇရပ် ကျေးရွာသားသည် ထိုင်းနိုင်ငံမှပြန်လာသဖြင့်...
Dawei Watch, Dawei News, Dawei News Media

မောတောင်-စင်ခွန်းနယ်စပ် တစ်လျှောက် ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီ ခန်ခရိုင်၊ စင်ခွန်းနယ်စပ်တစ်လျှောက် တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ထားကြောင်း မြိတ်-ပရာကျွပ်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ်

ကော့သောင်းမြို့၊ ဗစ်တိုရီးယား ဟိုတယ်တွင် ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦးမှာ စက်တင်ဘာလ ၂၂ ရက် ည ၁၂ နာရီခန့်က ထွက်ပြေးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရာအိမ်မှူး ဦးနွယ်ထွန်း က ပြောသည်။ အဆိုပါ အမျိုးသားနှစ်ဦးမှာ...

လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့

လူငယ်များအကြား စိတ်ဝင်းစားမှုမြင့်တက်ပြီး သွားရောက်လည်ပတ် လျက်ရှိသည့် လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာတွင်ရှိသည့် လိပ်ကုန်းတောင် နာတာလူးပန်းခင်းသည် လည်ပတ်သူများကြောင့် ပျက်စီးမှုများနှင့် အမှိုက်များ ကျန်ရစ်ခဲ့ကြောင်း တွေ့ရ သည်။ တောင်စောင်းရှိ အဝါရောင်နာတာ လူးပန်းပွင့်များအလှအပနှင့် ထားဝယ်မြစ်အား လှမ်းကြည့်နိုင်သည့်...

အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့

ကိုဗစ်ကပ်ဘေးကြောင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းခွင့်မပြုတော့ကြောင်း ကြေညာချက်ကို အချိန် နီးကပ်မှထုတ်ပြန်သည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအနေနှင့် အခက်တွေ့ရကြောင်း ယင်းဆိုင်ရှင်အချို့ထံမှ သိရသည်။ ဆိုင်ထိုင်စားသောက်ခြင်း အပါအဝင် ဆိုင်အနီးပတ်ဝန်းကျင်တွင် ဝိုင်းဖွဲ့ စားသောက်ခြင်းကို စက်တင်ဘာလ...
Dawei Watch, Dawei News, Dawei News Media

ဂျပန်ကလှူသည့် ဆေးရုံအဆောက်အအုံအသစ် နောက်နှစ်ဆန်းတွင် စဆောက်ရန် အဆိုပြု

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ဂျပန်နိုင်ငံကလှူသည့် အဆောက်အအုံအသစ်ကို လာမည့်နှစ်ဆန်းပိုင်းတွင် စဆောက်ရန် အဆိုပြုထားကြောင်း ယင်းဆေးရုံအုပ်ကြီးထံမှ သိရသည်။ ဂျပန်နိုင်ငံ၏ JICA (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) က လှူဒါန်းခြင်းဖြစ်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စဆောက်ရန်...
Dawei Watch, Dawei News, Dawei News Media

ထီးခီးလမ်းမြေယာနှင့် သီးနှံလျော်ကြေးပေးသည့်စနစ် ဒေသခံများအတွက် အဆင်မပြေ

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးနှစ်လမ်းသွားကားလမ်းအဖြစ် ဖောက်မည့် စီမံကိန်းအတွက် မြေယာနှင့် သီးနှံလျော်ကြေးပေးမည့်စနစ်မှာ အဆင်မပြေဖြစ်နေကြောင်း ဒေသခံတောင်သူ အချို့ထံမှ သိရသည်။ အဆိုပါလမ်း မြေယာလျော်ကြေးငွေအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံမှုကို စက်တင်ဘာလ ၇ ရက်နေ့က...
Dawei Watch, Dawei News, Dawei News Media

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း

ဦးစောဟာဗီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီ(KPP) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ကရင်ပြည်သူ့ပါတီ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး...
Dawei Watch, Dawei News, Dawei News Media

ကွာရန်တင်းဝင်နေသူများ ကြိုတင်မဲပေးရမည်

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ခုနစ်မျိုးစာရင်းတွင် ကွာရန်တင်းဝင်နေ ရသူများမပါဝင်ပေ။ သို့သော် ရွေးကောက်ပွဲကျင်းပတော့မည့်အချိန်တွင် ကွာရန်တင်းဝင်နေ ရသူများအနေဖြင့် နည်းလမ်းနှစ်မျိုး ဖြင့် ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။