လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့

0
748

လူငယ်များအကြား စိတ်ဝင်းစားမှုမြင့်တက်ပြီး သွားရောက်လည်ပတ် လျက်ရှိသည့် လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာတွင်ရှိသည့် လိပ်ကုန်းတောင် နာတာလူးပန်းခင်းသည် လည်ပတ်သူများကြောင့် ပျက်စီးမှုများနှင့် အမှိုက်များ ကျန်ရစ်ခဲ့ကြောင်း တွေ့ရ သည်။

တောင်စောင်းရှိ အဝါရောင်နာတာ လူးပန်းပွင့်များအလှအပနှင့် ထားဝယ်မြစ်အား လှမ်းကြည့်နိုင်သည့် ရှုခင်းတို့ကြောင့် ယင်းနေရာမှာ လူစိတ်ဝင်စား လည်ပတ်သူများ ရုတ်တရက်မြင့်တက် လာခြင်းဖြစ်သည်။

အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့

“ဟိုလူက နင်းချိုးလိုက်၊ ဒီလူက နင်းချိုးလိုက်ဆိုတော့လေ။ အမှိုက်ကိုလည်း ဟိုလူပစ်၊ ဒီလူပစ်နဲ့ အမှိုက် ကောက်အဖွဲ့နဲ့ လာပြီးကောက်ပေး ကြရတယ်။ ကျွန်တော်တို့လည်း ကောက်နေရတယ်” ဟု ဦးစိုးညွန့်က ဆိုသည်။

အသက် ၅၉ နှစ်အရွယ် ဦးစိုးညွန့် မှာ အဆိုပါ ပန်းခင်းကို စတင်စိုက်ပျိုးခဲ့ရာတွင် ပါဝင်သူ ဖြစ်သည်။ လိပ်ကုန်းတောင်ပေါ်တွင် ဇရပ်နှစ်ဆောင်နှင့် ဘုရားတစ်ဆူရှိသည်။ ဥပုသ်နေ့တွင် ဦးစိုးညွန့်တို့လူတစ်စုက ယင်းဘုရား တွင် ဥပုသ်စောင့်၊ တရားထိုင်ကြသည်။ ဥပုသ်စောင့်သည့်အခါ ဘုရားပန်း ကပ်လှူနိုင်ရန်အတွက် ယင်းပန်းပင် အနည်းငယ်ကို ပြီးခဲ့သည့်လများအတွင်း က စိုက်ပျိုးခဲ့သည်။

ယခုမိုးရာသီတွင် ပန်းပင်များ အမြောက်အမြားပေါက်လာခဲ့သည်။ ယင်းမှတစ်ဆင့် လူသိများလာကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နေ့စဉ် လာရောက်လည်ပတ်သူ သုံးဆယ်မှ ခုနစ် ဆယ်အကြားအထိ ရှိနေသည်။

ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသည့်ကာလအတွင်း လူစုလူဝေးဖြစ်ပေါ် သည်ဟုဆိုကာ ပန်းခင်းသို့ လာရောက် လည်ပတ်ခွင့်အား ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အင်တာနက်အွန်လိုင်းပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့ရာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် လည်ပတ်သူ နည်းပါးသွားခဲ့သည်။ သို့သော် အမှန်တကယ်တွင် ယင်းသို့ ပိတ်ပင်မထားပေ။

နာတာလူးပန်းခင်းသို့ လာလည် ပတ်သူများပြားသည်ဆိုသော်လည်း တစ်ချိန်တည်းတွင် အုပ်စုလိုက်လာ ရောက်ခြင်းမျိုး မဟုတ်ဘဲ သုံးလေးငါးယောက်တစ်တွဲ လာကြသဖြင့် လူစု၊ လူဝေးမဖြစ်ကြောင်း ဦးစိုးညွန့်က ရှင်းပြ သည်။

ကျော်သူစိုး