သရက်ချောင်း၊ ကြားအင်းရွာ ရပ်ကျေး ရွေကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း သေနတ်ပစ်ခံရ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာတွင် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း တစ်ဦး သေနတ်ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေနတ်ပစ်ခံရသူမှာ ကြာအင်းကျေးရွာ တောင်ပိုင်းတွင်နေထိုင်သည့် ဦးခင်ဇော်ဦးဆိုသူဖြစ်သည်။ ဦးခင်ဇော်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲကာလက ကြာအင်းကျေးရွာ...

ထားဝယ်တွင် သမီးဖြစ်သူ အိမ်တွင်မရှိသဖြင့် မိခင်ကို ဖမ်းဆီး၊ မိသားစုဝင်နှင့် ကလေးငယ်များပါ ထပ် အဖမ်းခံရ

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ၂ လမ်းတွင် ယမန်နေ့ညပိုင်းက အသက် ၃၀ ဝန်းကျင်ရှိ သမီးဖြစ်သူမပန်းအိဖြူကို စစ်တပ်ကလာဖမ်းရာ သမီးဖြစ်သူနေအိမ်တွင်မရှိသဖြင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၃ ရက် ည ၈...

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းခွင့်ပြုမည် ဟုဆို

ထားဝယ်စည်ပင်သာယာဈေးများတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဈေးသူဈေးသားအချို့ထံမှ သိရသည်။ အောက်တိုဘာလ ဒုတိယအပတ်မှစကာ ထားဝယ်စည်ပင်သာယာဈေးကြီး(ဈေးကြီး)တွင် ဈေးရောင်းသူများသူအား ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ဈေးသူဈေးသားများနှင့် အထက်ပါဌာနထံမှ သိရသည်။ ကမ်းနားဈေးတွင်မူ အောက်တိုဘာလ...

ကျွန်းစု ကမ်းဇော်တောအား အစုအဖွဲ့ပိုင်အဖြစ် ထိန်းသိမ်းခွင့်ရ

ကျွန်းစုမြို့နယ် မော်ခေါင်းတုံးရွာ ဧရိယာအတွင်းရှိ အလေ့ကျပေါက်ရောက်နေသည့် ကမ်းဇော်တောအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) ထိန်းသိမ်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။ ကမ်းဇော်ပင်ပေါက်ရောက်နေသည့် ၃၉၅ ဧကအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ထိန်းသိမ်းခွင့်တင်ပြထားရာ ယခုနှစ် စက်တင်ဘာလတွင်မှ တရားဝင်ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း...

ထားဝယ်‌ဈေးကွက်အတွင်း ဂက်စ်မီးခြစ် ပြတ်လပ်

ထားဝယ်‌ဒေသတွင် ဂက်စ်မီးခြစ်ပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဂက်စ်မီးခြစ်ကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ ရန်ကုန်သို့ပင် မှာမရတော့ကြောင်း ထားဝယ်မြို့စျေးတောင်ဘက်လမ်းရှိ အဆိုပါပစ္စည်းရောင်းချသူအမျိုးသားက ပြောသည်။

ပုလောတွင် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်

မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ကျောက်နိမ့်ကျေးရွာတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေ့ နံနက် ၈ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင်...

ထားဝယ်ခရိုင်တွင် စစ်ဆေးမှုတင်းကြပ်

ထားဝယ်ခရိုင်၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးမြို့နယ်က နေ‌ရာအများစုတွင် တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း လမ်းသွား၊ လမ်းလာ ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ထဲနေရာအချို့နှင့် လမ်းဆုံလမ်းခွများ၊ မြို့ဝင်ထွက်နေရာများတွင် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကမှ ညနေပိုင်းအထိ...

လောင်းလုံး ပန်းဒလဲရွာ သေနတ်ပစ်မှု နှစ်ဦး သေဆုံး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ကို အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေနတ်ပစ်ခံရသည့် ဦးညီညီအောင် သေဆုံး၊ Guerrilla Dawei အဖွဲ့က ရှင်းလင်းခဲ့ဟု ထုတ်ပြန်

မြို့လယ်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်ခရိုင် စစ်ကောင်စီအဖွဲ့ဝင် ဦး‌ညီညီအောင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ဒလန်ဖြစ်သောကြောင့် ထိုသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း Guerrilla Dawei အဖွဲ့က ထုတ်ပြန်ထားသည်။ မျက်နှာနှင့် လည်ပင်းတဝိုက်တွင် သေနတ်ကျည် ၁၀...

ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်ပို့

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား အသက် ၇၀ ဝန်းကျင်ရှိ ဦးကြည်သိန်းအား စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းကို ပြန်ပို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လ ပြည့်နေ့က...