သရက်ချောင်း၊ ကြားအင်းရွာ ရပ်ကျေး ရွေကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း သေနတ်ပစ်ခံရ

0
263
ပုံစာ ကြာအင်းရွာ ရပ်ကျေး ရွေးကော်ဥက္ကဌဟောင်း ဦးခင်ဇော်ဦး

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာတွင် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း တစ်ဦး သေနတ်ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေနတ်ပစ်ခံရသူမှာ ကြာအင်းကျေးရွာ တောင်ပိုင်းတွင်နေထိုင်သည့် ဦးခင်ဇော်ဦးဆိုသူဖြစ်သည်။ ဦးခင်ဇော်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲကာလက ကြာအင်းကျေးရွာ ရွေကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးခင်ဇော်ဦးအား အောက်တိုဘာလ ၂၃ ရက် ညဦးပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။

“သေနတ်ထိပြီးတော့ စစ်တပ်ဆေးရုံကို ညတွင်းချင်းတင်လိုက်ရတယ်ဆိုတာ လောက်ပဲသိရသေးတယ်။ နောက်ပိုင်းအခြေအနေမသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။