ထားဝယ်မြို့ လယ်ရှိ နေအိမ်တွင် သေနတ်ပစ်ခံရ

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့်နေအိမ်အတွင်းသို့ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အနီးအနားနေသူအချို့ထံမှ သိရသည်။

ပေါင်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲခံရ

မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ယမန်နေ့ညပိုင်းခန့်က ဖောက်ခွဲ ဖျက်စီးခံရကြောင်း သိရသည်။ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတားကို နိုဝင်ဘာ ၅ ရက်နေ့...

မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း...

သရက်ချောင်းမြို့နယ် စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဖြစ်သည့် စုံစင်ဖျားရွာနှင့် သဲချောင်းကြီးရွာကြားတွင် နိုဝင်ဘာ ၆ ရက် ယနေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ‌‌ဒေသခံရွာသားအချို့၏ ပြောပြချက်အရသိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း...

လောင်းလုံး ဒေသခံအချို့ ပြန်လွတ်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လောင်းလုံးမြို့နယ်မှ ဒေသခံအချို့ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးမိခင်နှင့် စစ်ပြဲကျေးရွာသား ၈ ဦး ယနေ့ ‌နိုဝင်ဘာလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင်ပြန်လွတ်လာကြောင်း...

ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏...

ထားဝယ်တွင် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်မြို့နယ်၊ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီရွာအနီးတွင် နိုဝင်ဘာလ ၃ ရက် နံနက်ခြောက်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သစ်ကတို့ရွာနှင့် မြေးခန္တီရွာအနီးတွင် ခြေလျင်ခရီး တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (Local-PDF) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး...

ဒေါက်တာလဲ့လဲ့မော် ပြန်လွတ်သတင်း မဟုတ်ဟု မိသားစုဝင် ပြော

အဂတိလိုက်စားမှု‌ တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တနင်္သာတိုင်းဝန်ကြီးချုပ်‌ဟောင်းဒေါက်တာလဲ့လဲ့မော် ပြန်လွတ်ပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အနီးကပ် မိသားစုဝင်တစ်ဦးက ငြင်းဆိုလိုက်သည်။ ဒေါက်တာလဲ့လဲ့မော်အား ထောင်မှလွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းဖြစ်သည်။

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းအမှု နိုဝင်ဘာလ ၁၁ ရက်နေ့ အမိန့်ချမည်

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင်...