ထားဝယ်မြို့ လယ်ရှိ နေအိမ်တွင် သေနတ်ပစ်ခံရ

0
305

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့်နေအိမ်အတွင်းသို့ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အနီးအနားနေသူအချို့ထံမှ သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၀နှစ်ဝန်းကျင်ရှိ အမျိုးသား တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ကနဦးသိထားရကြောင်း အိမ်အနီးနေထိုင်သူတစ်ဦးက ဆိုသည်။

သေနတ်ပစ်ခတ်သံ ၄ ချက်ခန့်ကြားရပြီးနောက် အိမ်အပြင်ထွက်ကြည့်ချိန်တွင် ရွှေတောင်စားလမ်း‌ဖက်မှ သေနတ်သံ နောက်တစ်ချက် ထပ်ကြားရကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကိုခင်မောင်အေး(ဆန်ဆိုင်ပိုင်ရှင်) ကိုယ်တိုင်က လဲ‌ကျတယ်။ဆေးရုံကား လာခေါ်သွားပြီလောလောဆယ် တော့လေ”ဟု ၎င်းက ဆိုသည်။

လက်ရှိပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။