မြိတ်သင်္ကြန်ရေကစား ပစ္စည်း ဈေးကွက်အေး

အတာသင်္ကြန် နီးလာပြီ ဖြစ်သော် လည်း မြိတ်သင်္ကြန်ရေကစားပစ္စည်း ဈေးကွက်အေးဆဲ ဖြစ်ကြောင်း ယင်း အရောင်းဆိုင် အသိုင်းအဝိုင်းမှ သိရ သည်။ ပြီးခဲ့သည့် နှစ်နှစ်ခန့်ကစပြီး သင်္ကြန်ကာလတွင် မြိတ်မြို့ပေါ်ရှိ ကလေးငယ်များ ရေကစားပစ္စည်းများဖြင့် ကစားသူ တဖြည်းဖြည်း နည်းပါးလာပြီး ရောင်းအား ကျဆင်းလာသည်ဟု အထက်ပါ ဈေးကွက်က...

ထားဝယ်သားပိုင် လေကြောင်းလိုင်း လာမည့်အပတ် စတင်ပြေးဆွဲမည်

ထားဝယ်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့် Apex လေကြောင်းလိုင်းကို ဧပြီလ ၇ ရက်နေ့ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။ Apex လေကြောင်းလိုင်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်လေဆိပ်နှင့် ထားဝယ်မြို့ မြို့တော် ခန်းမတို့တွင် ကျင်းပခဲ့ပြီး လာမည့်...

ဖမ်းမိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ သင်္ကြန်ပြီးမှ ပြန်ထုတ်ပေးမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မတ်လနောက်အဆုံးအပတ်ကစပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို စီမံချက်ဖြင့် စတင်ဖမ်းဆီးနေပြီး ဖမ်းမိ ဆိုင်ကယ်များကို သင်္ကြန်းပြီးမှ ပြန်ထုတ်ပေးသွားမည်ဟု မြိတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုမှူးမှ တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။ ယခင်က လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လနှင့် ဆိုင်ကယ်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ယခုစီမံချက်ဖြင့်...

မွန်လွှတ်တော် သတင်းနှင့်ပြန်ကြားရေးဌာန ထားရန် AMDP တိုက်တွန်း

လွှတ်တော်၊ အစိုးရနှင့် ပြည်သူလူထုကြား ထိတွေ့ဆက်ဆံမှု စဉ်ဆက်မပြတ်ရှိစေရန် လွှတ်တော်သတင်းနှင့် ပြန်ကြားရေးဌာန ထားရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) က တိုက်တွန်းသည်။ မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အဆောက်အဦးသစ် ဖွင့်ပွဲ၌ AMDP က တိုက်တွန်းခြင်း ဖြစ်သည်။ “လူထုနဲ့ လွှတ်တော်...

ထားဝယ်သင်္ကြန် အတွက် သွေးအလှူရှင်အသင်းများ စုပေါင်းသွေးလှူမည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွက် သွေးအလှူရှင်အသင်းများစုပေါင်းကာ ထားဝယ် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဧပြီလ ၉ ရက်နေ့တွင် သွေးလှူဒါန်းမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီထံမှ သိရသည်။ သင်္ကြန်ကာလသည် သာမန်အချိန်များထက် ယာဉ်တိုက်မှုနှင့် ထိခိုက်မှု ပိုမိုများပြားလေ့ရှိပြီး အရေးပေါ် သွေးလိုအပ်လာသည့် အချိန်များတွင်လည်း သွေးအလှူရှင်ရှာဖွေရန် အခက်အခဲရှိသောကြောင့်...

မော်လမြိုင်လူငယ် သံချပ်အဖွဲ့ မြင်တာကို တည့်တည့်ပြောမည်

“မြင်တာကို တည့်တည့်ပြောမယ်” မော်လမြိုင်လူငယ်သံချပ်အဖွဲ ယခုနှစ် သင်္ကြန်တွင်လည်း ဖျော်ဖြေမည်ဖြစ်ကြောင်း သံချပ်အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။ ယမန်နှစ်သင်္ကြန်က မော်လမြိုင်လူငယ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုမြင်ကွင်း/ ဓာတ်ပုံ - ယဉ်စနိုင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၁၉၈၈ ခုနှစ်မတိုင်ခင်က ရှိခဲ့သည့် သင်္ကြန်သံချပ်ဖျော်ဖြေမှုကို ပြန်လည်ဖော်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် “မြင်တာကို တည့်တည့်ပြောမယ်”“သင်္ကြန်နဲ့ သံချပ်ခွဲခြားလို့...

ကော့သောင်းတွင် သင်္ကြန်မတိုင်မီ ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးများ စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေး တားမြစ်ဆေးများနှင့် ဆေးဝါးအတုများ ရောင်းချခြင်း မရှိစေရန် ဆေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း ကော့သောင်းမြို့ရှိ ဆေးဆိုင်များမှ သိရသည်။ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားမဝင်ဆေးဝါးများနှင့် တားမြစ်ဆေးများ ရောင်းချခြင်းရှိမရှိ...

ကျွန်းစုမြို့နယ် ကျေးရွာ ၄၀တွင် တက္ကသိုလ်ကျောင်းသားများ စာသင်ပေးမည်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျေးရွာပေါင်း ၄၀တွင် ထားဝယ်နှင့် မြိတ်တက္ကသိုလ်ကျောင်းသားများက စာသင်ကြား ပေးမည်ဖြစ် ကြောင်း ကျွန်းစုမြို့နယ် ပညာရေးမှူးရုံး ဒုပညာရေးမှူး ဦးဆန်းဦးထံမှ သိရသည်။ အခြေခံစာတတ်မြောက်ရေး အစီအစဉ်အရ ကျောင်းသား ၂၀၀ကျော်က ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ရက်နေ့အထိ တစ်နေ့ ၃...

မော်လမြိုင်ဆန္ဒပြပွဲ ကျောင်းသားပူးပေါင်းမှုနည်း

ဖမ်းဆီးခံထားရသည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း မတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကျောင်းသားများ ပူးပေါင်းမှု အားနည်းခဲ့ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ခံ...

ဆန္ဒပြ ထားဝယ်ကျောင်းသားများ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေး ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့သည့် ထားဝယ်ကျောင်းသား များအနက် ကျောင်းသား ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။ ကျောင်းသားခေါင်းဆောင်များဖြစ်သည် ကိုမင်းလွင်ဦး၊ ကိုသူရနိုင်၊ ကိုဇင်မောင်ဖြိုး၊ ကိုသော်လွင်အောင်နှင့် မယုဝါလွင်(ခ)...