မြိတ်သင်္ကြန်ရေကစား ပစ္စည်း ဈေးကွက်အေး

0
698
ဓါတ်ပုံ - ဇော်ဇော်

အတာသင်္ကြန် နီးလာပြီ ဖြစ်သော် လည်း မြိတ်သင်္ကြန်ရေကစားပစ္စည်း ဈေးကွက်အေးဆဲ ဖြစ်ကြောင်း ယင်း အရောင်းဆိုင် အသိုင်းအဝိုင်းမှ သိရ သည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်ကစပြီး သင်္ကြန်ကာလတွင် မြိတ်မြို့ပေါ်ရှိ ကလေးငယ်များ ရေကစားပစ္စည်းများဖြင့် ကစားသူ တဖြည်းဖြည်း နည်းပါးလာပြီး ရောင်းအား ကျဆင်းလာသည်ဟု အထက်ပါ ဈေးကွက်က ပြောသည်။
” သင်္ကြန်ပစ္စည်းတွေကို နယ်တွေ ဖက်က ကျေးရွာနှင့် ပင်လယ်ပိုင်း ဒေသက ရွာတွေကိုပဲ အဓိက အားကိုး နေရတော့ ထိုင်းနိုင်ငံထုတ် ပစ္စည်းများ ကိုပဲ အများစု တင်ရောင်း ဖြစ်တော့ တယ် ” ဟု ထားဝယ်စုရပ်၊ ဗိုလ်ချုပ် လမ်းရှိ စိန်ကမ္ဘာစတိုး ကလေး ကစား ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် အမျိုးသမီးက ရှင်းပြသည်။
လက်ရှိတွင် ရေခွက် ရေဖလားဖြင့် ရေကစား သူများလာသည်ဟု သိရ သည်။
မြိတ်တွင် ကလေးကစားစရာ ပစ္စည်း အရောင်းဆိုင် တစ်ဆယ်ကျော် ခန့်ရှိပြီး သင်္ကြန်ကာလသုံး ရေကစား ပစ္စည်းများသည် ၃၀၀ကျပ်မှ ၈၀၀၀ ကျော် ခန့်အထိ ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။