
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေး တားမြစ်ဆေးများနှင့် ဆေးဝါးအတုများ ရောင်းချခြင်း မရှိစေရန် ဆေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း ကော့သောင်းမြို့ရှိ ဆေးဆိုင်များမှ သိရသည်။
“ကော့သောင်းမှာက သင်္ကြန်မှာ ကာမစိတ်ကြွဆေးမျိုးကိုတော့ လူငယ်တွေကြားမှာ သုံးစွဲတာ နည်းပါတယ်”ဟု ရွှေဟင်္သာရပ်ကွက်နေ လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးငယ်က ဆိုသည်။
ကော့သောင်းတွင် အရက်နှင့် ဘီယာကိုသာ အများစု သောက်ကြသည်ကို တွေ့ရသည်ဟု ကိုမျိုးငယ်က ပြောသည်။
ကော့သောင်းမြို့ပေါ်တွင် ဆေးဆိုင် ၁၂ ဆိုင်ကို စစ်ဆေးခဲ့ပြီး အသိပညာပေးဟောပြောခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။