မူးယစ်ရမ်းကားသူတစ်ဦး ကျောင်းပရဝဏ်အတွင်းဝင်၍ ကျောင်းဆရာအား ကျောက်ခဲဖြင့်ထု

ကျွန်းစုမြို့နယ်၊ ယမုံရွာ အ.မ.က ကျောင်း ပရဝဏ်အတွင်းသို့ မူးယစ်ရမ်းကားသူတစ်ဦးဝင်ရောက်ပြီး ကျောင်းဆရာတစ်ဦးအား ကျောက်ခဲဖြင့်ထုခဲ့သည့်အတွက် ယင်းကျောင်းဆရာ၏ ဦးခေါင်း၌ ၇ ချက်ခန့်ချုပ်ခဲ့ရကြောင်း ကာယကံရှင် နှင့် ယမုံကျေးရွာသားများထံမှ သိရသည်။ ဇန်န၀ါရီလ ၃၀ ရက် ည ၉ နာရီ ၀န်းကျင်အချိန်ခန့်က အမက ယမုံ...

အခြေခံကျောင်းတွင်သင်မည့် ဆလုံကျောင်းသုံးစာအုပ်ပြုစုရန် စီစဉ်

ဆလုံတိုင်းရင်းသားများရှိသည့် အခြေခံပညာကျောင်းများတွင် သင်ကြားမည့် ဆလုံတိုင်းရင်းသားစာဖြင့် ကျောင်းသုံးစာအုပ် ရေးသားပြုစုရန် စီစဉ်နေကြောင်း မော်ကယ်(ဆလုံ)စာပေဖွံ့ဖြိုးရေးကော် မတီ(ယာယီ) ဥက္ကဋ္ဌ စောရုဘေက ပြောသည်။ ယင်းစာအုပ်ရေးသားရန်အတွက် အထက်ပါကော်မတီနှင့် တနင်္သာရီတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ကုလသမဂ္ဂနိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေ အဖွဲ့(UNICEF) စသည့်အဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း စောရုဘေက ပြောသည်။ “(ဆလုံစာကို) လာမယ့် ၂၀၁၉-...

လင်မယားကွာရှင်းမည့် ကိစ္စကို မကျေနပ်၍ ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုး၊ ဇနီးသည်သေဆုံး

ပုလောမြို့နယ်တွင် လင်မယားကွာ ရှင်းမည့်ကိစ္စကို မကျေနပ်သည့်အတွက် လင်ယောက်ျားဖြစ်သူက ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလောမြို့နယ်၊ တိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသည့်ဒဏ်ရာကြောင့် ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပြီးခဲ့သည့် နှစ်လခန့်က လင်မယား အဆင်မပြေ၍ ကွဲကွာနေပြီး...

ဆလုံများအတွက် လှေနှင့်ဆန် ထောက်ပံ့မည်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုး များအတွက် လှေနှင့် ဆန်များ ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးစောလုကာက ပြောသည်။ မြိတ်ခရိုင်အတွင်းရှိ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပရောဝါးရွာနှင့် ကော့သောင်ခရိုင်အတွင်းရှိ ဇာဒက်ကြီး၊ မကြုံကလက်၊ ဂျာအုံး၊ ညောင်ဝိ၊ ဂျာလန်း၊ လငန်း စုစုပေါင်း ရွာ...

ပြည်သူ့လွှတ်တော်တွင်မေးသည့်မေးခွန်း ဝန်ကြီးဌာန မှားပြီးလာဖြေဟု ဘုတ်ပြင်းကိုယ်စားလှယ် ပြော

ပြည်သူ့လွှတ်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေဆိုရမည့် မေးခွန်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက မှားယွင်း ကာ လာရောက်ဖြေဆိုခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။ ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေးတွင် ဦးနေလင်းထွန်းက တနင်္သာရီတိုင်းအတွင်း ပြည်ထောင်းစုလမ်းမကြီးနှင့် ဆက်သွယ်၍မရနိုင်သည့် ပင်လယ်ကမ်း ရိုးတန်း၊...

တနင်္သာရီ – မောတောင်လမ်းတွင် တိုးဂိတ်နှစ်ခု ဆောက်မည်

ဖောက်လုပ်လျက်ရှိသည့် တနင်္သာရီ မြို့နယ်၊ ထုံခါကျေးရွာမှ မောတောင်အထိ လမ်းဖောက်လုပ်ပြီးစီးပါက တိုးဂိတ်နှစ် ခု တည်ဆောက်မည်ဖြစ်ကြောင်း ယင်းလမ်းပိုင်းစီမံကိန်း ဒါရိုက်တာထံမှ သိရ သည်။ ထုံခါ-မောတောင်လမ်း အရှည် ၄၈ မိုင် ၆ ဖာလုံကို ၂၄ပေအကျယ် ကတ်္တရာ လမ်းအဖြစ် မြိတ်အများပိုင်ကုမ္ပဏီက BOT စနစ်ဖြင့်...

ဒေါ်အောင်ဆန်းစုကြည် မြိတ်လာမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြိတ်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းမှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များက အတည်ပြု ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီး စဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့ပြီးနောက် တနင်္သာရီတိုင်း သို့ ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ် ဖြစ်သည်။ မြိတ်မြို့အတွင်း...

မြိတ်တွင် လျှပ်စစ်မီတာခ ၄၅ ကျပ် ကျဆင်း

မြိတ်မြို့တွင် ဇန်န၀ါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထား တစ်ယူနစ်လျှင် ၄၅ ကျပ်ကျဆင်းမည်ဖြစ်ကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဇန်န၀ါရီလ ၃၀ ရက်က ပြုလုပ်သည့် မီးလင်းရေးလုပ်ငန်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူတို့ပါဝင်သည့် မီးလင်းရေးလုပ်ငန်း အစည်းအဝေးတွင်...

မြိတ်စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် မဲခွဲဆုံးဖြတ်မည်

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများဖြင့် မဲခွဲဆုံးဖြတ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။ မြိတ်မြို့ရှိစည်ပင်သာယာဈေးကြီး (ဒေသအခေါ်တိုက်ဈေးကြီး)သည် လွန်ခဲ့ သည့်နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ဆောက်ထားသည့်ဈေးဖြစ်ပြီး လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီ ဖြစ်သည်။ ယင်းကြောင့် ဈေးသူဈေးသားတ ချို့က အထပ်မြင့်အဖြစ် ပြန်လည်ဆောက်...

တိုင်းအတွင်း အိမ်တွင်မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် ၂၃ မျိုးရှိဟုဆို

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နေအိမ်များတွင် မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစား ၂၃ မျိုးရှိကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ၆ လကြာ သုတေသနပြုထားသည့် တောရိုင်း တိရစာ်္ဆန်များ တရားမ၀င်ရောင်းဝယ်မှု စာတမ်းအရ သိရသည်။ မြိတ်တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေးအဖွဲ့(FFI ) တို့...