မြိတ်အဝေးပြေးကားဝင်းအနီး မုဒိမ်းကျင့် လူသတ်မှုဖြစ်

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာရှိ အဝေးပြေးကားဝင်းအနီး၌ မုဒိမ်းကျင့် လူသတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။ ဇန်န၀ါရီ ၁၉ ရက်၊ ည ၁၂ နာရီခွဲ အချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် အဝေးပြေးကားဝင်း နံဘေးရှိ ရွှေပြည်တန် လမ်းမကြီး၌ အထုပ်တစ်ထုပ် သယ်ဆောင်လာသည့်...

တနင်္သာရီ၊ လော့လော့နှင့် ပုလုံးတုံတုံး တံတားများ လာမည့်နှစ်ကုန်စသွားနိုင်မည်

တနင်္သာရီတိုင်းအတွင်း ဆောက်လုပ်ဆဲ တနင်္သာရီတံတား၊ လော့လော့တံတားနှင့် ပုလုံးတုံတုံးတံတားများကို လာမည့် ၂၀၂၀ နှစ်ကုန်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။ ငွေကျပ်သန်းပေါင်း ၁၂၆၀၀ ကုန်ကျ မည့် တနင်္သာရီတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပြီး အရှည် ၁၄၄၃...

ကမ်းနီးကင်းမွန်လှေ မီးထွန်းခွင့် ၁၅ ကီလိုဝပ် သုံးခွင့်ပြု

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းနီး ကင်းမွန်လှေငယ်များ မီးထွန်းဖမ်းဆီးခွင့် အတွက် ၁၅ ကီလိုဝပ် အသုံးပြုခွင့်ပေးလိုက် ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ကမ်းနီးလှေ သတ်မှတ်ချက်နှင့်ညီညွတ်သော ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကမ်းနီး ကင်းမွန်လှေများ ၁၅ ကီလိုဝပ်အားဖြင့် မီးထွန်း ဖမ်းဆီးခွင့်ပြုကြောင်း စိုက်ပျိုးရေးမွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရုံးမှ...

ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ညီမ ဆာလာအိတ်ချုပ်အပ်ဖြင့် ထိုးခံရ

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်အုပ်ချုပ် ရေးမှူး၏ ညီမဖြစ်သူအား ဈေးဝယ်သူ အမျိုးသမီးက ဆာလာအိတ်ချုပ်သည့် အပ်ဖြင့် ထိုးခဲ့ကြောင်း တလိုင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်နှင့် မြိတ် မြို့မရဲစခန်းထံမှ သိရသည်။ ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်က ဦးမင်းမင်းလှိုင်၏ နေအိမ် တွင်ဖွင့်လှစ်ထားသည့်...

ငါးခိုးဖမ်းလှေများအား မှတ်တမ်းယူစဉ်က အန္တရာယ်ပြုမှု ကြုံတွေ့ခဲ့ရဟု ဦးဇော်ဟိန်းဆို

ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးတွင်ဝင်ရောက်ငါးခိုးဖမ်းနေသည်ကို ကွင်းဆင်းမှတ်တမ်းယူခဲ့ချိန်က ကမ်းဝေး ငါးခိုးဖမ်းလှေများ၏ အန္တရာယ်ပေးမှု ကြုံတွေ့ခဲ့ရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဟိန်းက ပြောသည်။ ကမ်းဝေးငါးဖမ်းလှေများ ဥပဒေမဲ့ ငါး ခိုးဖမ်းနေသည်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပင်လယ်ပြင်တွင် ကွင်းဆင်းအထောက် အထားယူခဲ့ချိန်က ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဦးဇော်ဟိန်းက ဆိုသည်။ ကမ်းဝေးလှေများနောက်သို့ လိုက်ချိန်တွင်...

စည်းပျက် ဒရွတ်ဆွဲ ကမ်းဝေး ငါးဖမ်းလှေ ၁၀ စီးကို စစ်ဆေးမည်

ကမ်းနီးရေပြင်အတွင်း ငါးခိုးဖမ်းသည့် စည်းကမ်းပျက် ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ ၁၀ စီးအား ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးမြင့်ရွှေက ပြောသည်။ အဆိုပါ စည်းပျက် ကမ်းဝေးငါးဖမ်း လှေ ၁၀ စီးကို ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက သက်သေအထောက်အထားများဖြင့်...

တနင်္သာရီတွင် ကျောင်းကြို/ပို့ယာဉ် မှောက်၊ ပဉ္စမတန်းကျောင်းသားတစ်ဦး သေဆုံး

တနင်္သာရီမြို့နယ် သမုတ်ချုံးကျေး ရွာအုပ်စု ရေဖြူကျေးရွာအနီးတွင် ဇန်န၀ါရီ လ ၁၅ ရက်က ကျောင်းကြို/ပို့ယာဉ် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ပဉ္စမတန်း ကျောင်းသားတစ်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်း (မူလွန်)ကျောင်းမှ ကျောင်းသား/သူ ၈ ဦးအား တင်ဆောင် လာသည့် ကြို/ပို့ ယာဉ်သည်...

ကျွန်းစုတွင် ငွေကျပ် ၁၇ သိန်းကျာ်တန်ဖိုးရှိ ကကူရံငါးတစ်ကောင် ဖမ်းမိ

ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ် စု ပြင်သာကျေးရွာတွင် ငွေကျပ် ၁၇ သိန်း ကျော်တန်ဖိုးရှိ ကကူရံ(ဒေသအခေါ်-ကျွဲရင်) ငါးကြီးတစ်ကောင်အား ဖမ်းမိခဲ့ ကြောင်း ယင်းကျေးရွာနေသူတချို့ထံမှ သိရသည်။ ဇန်န၀ါရီလ ၁၄ ရက်က ပြင်သာကျေး ရွာအနီးရှိ မြစ်ထဲတွင် ကလေးငယ်တစ်ဦး ချထားသည့်ငါးဖမ်းပိုက်အတွင်း ကကူရံ ငါးကြီး လာငြိကာ ...

မြိတ်တွင် WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိပြန်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေတွင် ဇန်န၀ါရီလ ၁၈ ရက်က WY စိတ်ကြွ ဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက် ခေမာလမ်းရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏  နေအိမ် အား သတင်းအရ၀င်ရောက်ရှာဖွေခဲ့ရာ WY...

ကျူးကျော်နေထိုင်မှုများကြောင့် ရပ်ကွက်အတွင်းရှိ ချောင်းအချို့ ပျောက်ကွယ်လုနီးဟုဆို

ကျူးကျော်နေထိုင်သူ များပြားလာ ခြင်းကြောင့် မြိတ်မြို့ရပ်ကွက်များရှိ ချောင်းအချို့ တိမ်ကော ပျောက်ကွယ်လုနီး ဖြစ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။ ယခင်က ချောင်းအကျယ် ပေ ၁၀၀၊ ပေ ၆၀ ခန့်ရှိသည့် ချောင်းအချို့မှာ အကျယ် ပေ ၁၀၊...