ကျွန်းစုရေပြင်တွင် အန္တရာယ် သတိပေးမှတ်တိုင် စိုက်ထူရန် လိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ပင်လယ်ပြင်အတွင်း ကျောက်ပုံ၊ ကျောက်ဆောင်နှင့် ကျောက်တန်းများရှိသည့်နေရာများအား အန္တရာယ် သတိပေးမှတ်တိုင်များ စိုက်ထူပေးရန် လိုအပ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။ ကျောက်ပုံ၊ ကျောက်ဆောင်နှင့် ကျောက်တန်းများကို ရှပ်ပြေးရေယာဉ်များ၊ ကုန်တင်လှေများနှင့် ငါးဖမ်းလှေငယ်များ မတိုက်မိစေရန်အတွက် ထင်ထင်ရှားရှား တွေ့မြင်နိုင်မည့် သံတိုင်သို့မဟုတ် ကျောက်တိုင်များ စိုက်ထူသင့်ကြောင်း...

ပင်လယ်မျှော့ရှားပါးလာခြင်းကြောင့် လုပ်ကိုင်သူမရှိသလောက် နည်းလာ

ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရှာဖွေဖမ်းဆီးရသည့် ပင်လယ်မျှော့ ရှားပါးလာသည့်အတွက် မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူ မရှိသလောက် နည်းပါး လာကြောင်း ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာ ဒေသခံအချို့ထံမှ သိရသည်။ အိမ်ခြေသုံးရာကျော်ရှိသည့် ဒုံးပလဲအော်ကျေးရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အိမ်ထောင်စု ခြောက်ဆယ်ရာခိုင်နှုန်းခန့်မှာ ပင်လယ်မျှော့ငုပ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း ...

ပလောက်တွင် တတိယတန်း ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရ

ပလောက်မြို့တွင် အသက် ကိုးနှစ်အရွယ်ရှိ တတိယတန်းကျောင်းသူတစ်ဦး ဖေဖော်ဝါရီ ပထမပတ်က မုဒိမ်းကျင့်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပလောက်မြို့၊ နန်းသီလာကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက စာသင်ကျောင်းတွင် အချိန်ပိုသင်ယူပြီး နေအိမ်သို့ပြန်လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မောတောင်တွင် တစ်ယူနစ် ၃၀၀ ကျပ်ထက် မပိုသည့်နှုန်းဖြင့် လျှပ်စစ်မီး ပေးမည်

တနင်္သာရီမြို့နယ် မောတောင်မြို့တွင် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ၃၀၀ ကျပ်ထက်မပိုသောနှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရန် စတင်ပြင်ဆင်နေကြောင်း Royal Myanmar Light Co.,Ltd ထံမှ သိရသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Royal Myanmar Light Co.,Ltd နှင့် ထိုင်းနိုင်ငံအခြေစိုက်...

ပုလောတွင် စိတ်ကြွဆေးနှင့်အတူ လေသေနတ် ဖမ်းမိ

ပုလောမြို့နယ်တွင် WY စိတ်ကြွဆေးပြားများနှင့်အတူ လေသေနတ်တစ်လက်ကို ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ နေအိမ်အား မူးယစ်ဆေး ၀ါး သတင်းအရ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား...

ငါးအမှုန့်ကြိတ်စက်ရုံများ အနံ့ဆိုး ထပ်ထွက်ပါက အပြီးအပိုင် ပိတ်သင့်ဟု တိုင်းလွှတ်တော်တွင် အစီရင်ခံ

မြိတ်မြို့နှင့် အနီးတ၀ိုက်ရှိ ငါးအမှုန့်ကြိတ်စက်ရုံများထံမှ အနံ့ဆိုး ထပ်မံထွက်ရှိပါက အပြီးအပိုင်ပိတ်သိမ်းသွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားသင့် သည်ဟု တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် အစီရင်ခံခဲ့သည်။ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျင်းပသော တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ...

သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် ဖွင့်လှစ်

ကျွန်းစုမြို့နယ်အတွင်းရှိ သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ဖေဖော်ဝါရီလ ၁၂ ရက်မှစပြီး ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမီတက်ထံမှ သိရသည်။ သဲနှစ်တန်းကျွန်းစခန်းခွဲသည် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာအတ္တလန်တစ် ကုမ္ပဏီလီမီတက်တို့ အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာထဲတွင် ပါဝင်ကြောင်း ယင်းကုမ္ပဏီလီမိတက်မှ သိရသည်။

ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ရုပ်ထု ဖွင့်ပွဲပြုလုပ်

ကျွန်းစုမြို့နယ်တွင် ဗိုလ်ချုပ်ကြေး ရုပ်ဖွင့်ပွဲကို ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်က ပြုလုပ်ခဲ့ ကြောင်း ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်မှာပြီးခဲ့သည့်နှစ် မေလအတွင်းက ရောက်ရှိနေ...

အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်လျှောက်ထားမှု မြိတ်ခရိုင်တွင် အများဆုံး

တနင်္သာရီတိုင်းဒေသကြီး သတ္တုလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ထံ လျှောက်ထားလာသည့် အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်များအနက် မြိတ်ခရိုင်တွင် အများဆုံးဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင်တွင် လုပ်ကွက် ၆၃ ကွက်၊ ထားဝယ်ခရိုင်တွင် ၁၉ ကွက်နှင့် ကော့သောင်းခရိုင်တွင် ၃ ကွက်လျှောက်ထားကြောင်း ယင်းအဖွဲ့၏ စာရင်းများအရ...

စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းအား ယုံကြည်ထောက်ခံကြောင်း လက်မှတ်များ ကောက်ခံ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အ၀ယုံကြည် ထောက်ခံကြောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လက်မှတ်များ ကောက်ခံနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လ ၁၃ ရက်က မြိတ်မြို့သို့...