ကျွန်းစုတွင် အစိုးရပိုင်အမြန်ရေယာဉ် ပြေးဆွဲရန် အစီအစဉ် မရှိ

ကျွန်းစုတွင် အစိုးရပိုင် ကမ်းရိုး တန်းအမြန်ရေယာဉ် ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ...

ပုလောအဝေးပြေးကွင်း တည်ဆောက်ရန် စည်ပင်တွင် မြေနှင့် ငွေမရှိ

ပုလောမြို့တွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေး အဝေးပြေးယာဉ်ရပ်နား စခန်း တည်ဆောက်ရန် စည်ပင်သာယာ ရေးအဖွဲ့ပိုင် မြေနှင့် ရန်ပုံငွေ မရှိဟု တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်...

ရှစ်နှစ်အတွင်း မြိတ်မဂ္ဂဇင်း နှစ်အုပ်သာထွက်နိုင်

ယခင်က နှစ်စဉ်ထွက်ရှိခဲ့သည့် မြိတ်မဂ္ဂဇင်းကို လက်ရှိအချိန်တွင် ရှစ်နှစ် အတွင်း နှစ်အုပ်သာ ထွက်နိုင်ခဲ့ကြောင်း မြိတ်မြို့နယ် စာရေးဆရာအသင်းထံမှ သိရသည်။ ရန်ပုံငွေ၊ ဖြန့်ချိရေးအခက်အခဲနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု အားနည်းချက်များကြောင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်အုပ်သာ ထုတ်ဝေနိုင်ခဲ့သည်ဟု မြို့နယ်...

ဆိုင်ကယ်ထိုင်ခုံအောက် ထည့်ထားသည့် ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ ပုလဲများ ပျောက်ဆုံး၊ ခိုးသူကို နေ့တွင်းချင်းဖမ်းမိ

ထားဝယ်မြို့တွင် ဆိုင်ကယ်ထိုင်ခုံ အောက်တွင် ထည့်ထားသည့် ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ ပုလဲများပျောက်ဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလဲပိုင်ရှင်ဖြစ်သည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးက ဇူလိုင်လ ၃ ရက်တွင် ထားဝယ်မြို့၊ ထိန်ဟောင်းရပ် ကွက်ရှိ ၎င်းနှင့်အတူ...

မြိတ်တွင် နေအိမ်တစ်အိမ် ရွှေခုနစ်ဆယ်ကျပ်သားခန့်ဖောက်ထွင်းခံရ

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အထက ၁ ကျောင်းအနီးရှိ နေအိမ်တစ်ဆောင် ဖောက်ထွင်းခံရပြီး လက်ဝတ်လက်စား မျိုးစုံ ရွှေထည် ခုနစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် လေးသိန်းခန့် ခိုးယူခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။ ကာယကံရှင် မိသားစု ရန်ကုန်သို့ သွားရောက် ဆေးကုသနေစဉ်...

ကန်ဖျားကုန်စိမ်းဈေး ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထား ပြောင်းရမည်

မြိတ်မြို့ ကန်ဖျားရပ်ကွက်တွင် ရောင်းချနေသည့် ကန်ဖျားကုန်စိမ်းဈေးရှိ ဆိုင်ခန်းအားလုံး ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထားကာ  ပြောင်းရွှေ့ရမည်ဖြစ် ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းစည်ပင်သာယာ ရေးအဖွဲ့မှ အားလုံး ပြောင်းရွှေ့ရန် ညွှန်ကြားစာထုတ်ခဲ့ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး...

မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။

မြိတ်ခရိုင်တွင် မိုးစပါးချေးငွေ ထုတ်သူ နည်းလာ

မြိတ်ခရိုင်တွင် မိုးစပါးချေးငွေ လာရောက်ထုတ်ယူသူ ယခင်နှစ်များ ထက် လျော့နည်းလာကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ဘဏ်ခွဲ) ထံမှ သိရသည်။ ယခင်က ပုံစံ ၇ မိတ္တူဖြင့် ချေးငွေ ထုတ်ချေးသော်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပုံစံ ၇ မူရင်းကို ဘဏ်တွင်...

မြိတ်တွင် သစ်ပင်လဲကျသဖြင့် အိမ်နှစ်လုံးပျက်စီး

မြိတ်တောင်ကျေးရွာအုပ်စုတွင် သစ်ပင် လဲကျပြီး နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဇွန်လ ၁၈ ရက် နံနက် ၂ နာရီခန့် တွင် လေပြင်းကြောင့် ကုန်းဖောက် ရပ်ကွက်၊ ထူးထူးတိုးကြက်ခြံအနီး ရှိ သက်တမ်းရင့် သစ်ပင်ကြီးလဲပြိုခဲ့ခြင်းဖြစ်သည်။

မြိတ်တွင် Food Bank ထားရှိရန် စီစဉ်

အစားအသောက်များ အခမဲ့ယူနိုင်မည့် Food Bank ကို မြိတ်မြို့တွင်ထားရှိရန်စီစဉ်နေကြောင်း ပရဟိတမောင်နှမ များကွန်ရက် တာဝန်ခံ ဦးမင်းလွင်ဦးထံမှ သိရသည်။ Food Bank အား မြိတ်ပြည်သူ့ ဆေးရုံကြီးနှင့် ကန်ခေါင်းရပ်ကွက်ရှိ မိခင် နှင့်ကလေးဆေးကုသဆောင်တို့တွင် ထား ရှိနိုင်ရန် ဆေးရုံတာဝန်ရှိသူတို့နှင့် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း...