ရှစ်နှစ်အတွင်း မြိတ်မဂ္ဂဇင်း နှစ်အုပ်သာထွက်နိုင်

0
601

ယခင်က နှစ်စဉ်ထွက်ရှိခဲ့သည့် မြိတ်မဂ္ဂဇင်းကို လက်ရှိအချိန်တွင် ရှစ်နှစ် အတွင်း နှစ်အုပ်သာ ထွက်နိုင်ခဲ့ကြောင်း မြိတ်မြို့နယ် စာရေးဆရာအသင်းထံမှ သိရသည်။

ရန်ပုံငွေ၊ ဖြန့်ချိရေးအခက်အခဲနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု အားနည်းချက်များကြောင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်အုပ်သာ ထုတ်ဝေနိုင်ခဲ့သည်ဟု မြို့နယ် စာရေးဆရာများအသင်း ဥက္ကဋ္ဌ ကြံတော ဖိုးခွေးက ပြောသည်။

“ကျွန်တော်ဥက္ကဋ္ဌ တာဝန်ယူတဲ့ ကာလအတွင်း ဒီနှစ်အုပ်ပဲ ထုတ်နိုင် တယ်”ဟု ကြံတောဖိုးခွေးက ပြောသည်။

အမှတ် ၃၂ ကို ၂၀၁၃ ခုနှစ်က ထုတ် ဝေခဲ့ပြီး အမှတ် ၃၃ ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရအဆက်ဆက်က ဌာန ဆိုင်ရာများမှတစ်ဆင့် ဖြန့်ချိရောင်းချခဲ့ရာ တွင် အဆင်ပြေခဲ့သော်လည်း လက်ရှိ အချိန်တွင် ဌာနဆိုင်ရာများက တာဝန် ယူရောင်းချပေးမှုမရှိတော့ခြင်း၊ လူမှု ကွန်ရက်ပေါ်က အကြောင်းအရာများ ကိုသာ လူအများ အာရုံ စိုက်လာခြင်းတို့ ကြောင့် မဂ္ဂဇင်းထုတ်ရန် အခက်အခဲများ ရှိလာကြောင်း ကြံတောဖိုးခွေးက ပြောသည်။

ယင်းသို့ဖြစ်နေခြင်းမှာ စာရေးဆရာ အသင်းတွင်သာ မူတည်သည်ဟု မြိတ် ဒေသခံကဗျာဆရာ ဝေးအိမ်က မှတ်ချက် ပေးသည်။

“မြိတ်သမိုင်းမှာ အစဉ်အလာကြီး တဲ့ ဒီမဂ္ဂဇင်း မရပ်အောင်တော့ ၀ိုင်းဝန်း ထိန်းသိမ်းဖို့ လိုတာပေါ့”ဟု ၎င်းက ပြောသည်။

မြိတ်မဂ္ဂဇင်းကို အသစ်ထုတ်ရန် အတွက်လည်း လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း မြို့နယ်စာရေး ဆရာများ အသင်းထံမှ သိရသည်။

ကိုဆန်း