မြိတ်တွင် Food Bank ထားရှိရန် စီစဉ်

0
641
ဓာတ်ပုံ - ယဉ်စနိုင်း

အစားအသောက်များ အခမဲ့ယူနိုင်မည့် Food Bank ကို မြိတ်မြို့တွင်ထားရှိရန်စီစဉ်နေကြောင်း ပရဟိတမောင်နှမ များကွန်ရက် တာဝန်ခံ ဦးမင်းလွင်ဦးထံမှ သိရသည်။

Food Bank အား မြိတ်ပြည်သူ့ ဆေးရုံကြီးနှင့် ကန်ခေါင်းရပ်ကွက်ရှိ မိခင် နှင့်ကလေးဆေးကုသဆောင်တို့တွင် ထား ရှိနိုင်ရန် ဆေးရုံတာဝန်ရှိသူတို့နှင့် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း တာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

“လိုအပ်နေတဲ့သူနဲ့ လှူတဲ့သူတွေကို ကြားကချိတ်ပေးတဲ့သဘောပါပဲ”တာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

Food Bank များဆောင်ရွက်ဖြစ်ပါက ကနဦးမတည်ပေးသည့်အနေဖြင့် ဘီဒိုမှန် ပုံးဖြင့်ပြုလုပ်ထားသည့် Food Bank များတွင် အစားအသောက်များထားရှိ ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် စေတနာရှင်အလှူရှင်များက မိမိတို့တတ် နိုင်သည့်ဘက်မှ အစားအသောက် အ၀တ်အထည် စသဖြင့် လာရောက်ထည့်သွင်းခြင်းဖြင့် Food Bank အားလည်ပတ်သွား မည့် စနစ်ဖြင့်ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဦးမင်းလွင်ဦးက ပြောပြသည်။

Food Bank ပြုလုပ်မည်ဆိုပါက တစ်နိုင်တစ်ပိုင် သွားရောက်လှူဒါန်းထည့်သွင်း ပေးကြမည့် အလှူရှင်များလည်းရှိနေပြီး မည်သည့်အချိန်တွင် ပြုလုပ်သွားကို အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ပရဟိတမောင်နှမများကွန်ရက်ထံမှ သိရသည်။

Food Bank အစီအစဉ်ကို မန္တလေး၊ မုံရွာ၊ မော်လမြိုင် အစရှိသည့် မြို့များတွင် ထားရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးမြို့ကျူံးနံဘေးရှိ Food Bank မှ အစားအသောက်များအား လမ်းသွားလမ်း လာများက လုယူနေကြသည့် ရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နာပေါ်တွင် ပျံနှံ့ခဲ့သည်။

မြင့်မိုရ်(မြိတ်)