တနင်္သာရီတိုင်းအတွင်း ဘက်စုံသားဖွားဆရာမ နှစ်ဆယ်ကျော်ခန့်

တနင်္သာတိုင်းတွင် ယခုနှစ် သြဂုတ် လအတွင်းက ဘက်စုံသားဖွားဒီပလိုမာ သင်တန်းဆင်း သားဖွားဆရာမ နှစ်ဆယ် ကျော်ကို ခန့်ထားလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်း လစ်လပ်နေသည့် ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် လက်ရှိ ခန့် ထားသည့်...

စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၈၀ အရွယ် အဖွားအိုတစ်ဦး မုဒိမ်းကျင့်ခံရ

ပလောက်မြို့တွင် စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၈၀ နှစ် အရွယ်ရှိ အဖွားအိုတစ်ဦး စက်တင်ဘာ လ ၁၀ ရက်က မုဒိမ်းကျင့်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ဆင်ထိုးကြီးကျေးရွာနေ အဖွားအို ကို အိမ်ချင်းကပ်နေထိုင်သည့် အသက်...

ဒုတိယဗိုလ်မှူးကြီး အယောင်ဆောင်ကာ ကျပ်သိန်း ရှစ်ဆယ်နီးပါး လိမ်ညာယူခဲ့သူကို ဖမ်းမိ

မြိတ်မြို့တွင် တပ်မတော် ဒုဗိုလ်မှူးကြီး အယောင်ဆောင်ကာ ကျပ်သိန်း ရှစ်ဆယ်နီးပါးကို နည်းအမျိုးမျိုးဖြင့် လိမ်ညာယူ ခဲ့သူတစ်ဦးကို စက်တင်ဘာ လ ၈ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ အောင်မင်္ဂလာရပ်ကွက်တွင် နေ ထိုင်သည့် အသက် ၃၉...

မြိတ်မုန့်ဖတ်လုပ်ငန်းနှစ်ခုမှ ထုတ်လုပ်သည့် မုန့်ဖတ်များတွင် ဖော်မလင်တွေ့

မြိတ်မြို့တွင် မုန့်ဖတ်လုပ်ငန်းနှစ်ခု က ထုတ်လုပ်ရောင်းချနေသည့် မုန့်ဖတ် များတွင်စားသုံးရန်မသင့်သည့် ဖော်မလင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း မြိတ် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီးအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ မြိတ်မြို့ရှိ သီဟဇေယျာ ဈေး(မြို့သစ်ဈေး) ကို သြဂုတ်လ...

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ထပ်တက်၊ စိုးရိမ်ရေအမှတ်ကျော်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ သြဂုတ်လ ၂၃ ရက် မှစပြီး ဒုတိယအကြိမ်ပြန်လည်မြင့် တက်ခဲ့ကြောင်း သိရသည်။ ပထမအကြိမ်မြစ်ရေကြီးစဉ်က သြဂုတ်လ ၁၂ ရက်နေ့တွင် ရေအမှတ် ၂၆ ပေ ၆ လက်အထိ မြင့်တက်ခဲ့သည်။

မြိတ်၊ ကော့သောင်းအပါအ၀င် ထိုင်းမြန်မာနှစ်နိုင်ငံမှ ခရိုင်ခြောက် ခုတွင် ခရီးသွားစက်ဝန်းတစ် ခုပေါ်ပေါက်ရေး ထိုင်းအစိုးရေ ဖ်ာဆောင်နေ

မြိတ်နှင့် ကော့သောင်းခရိုင်အပါအ၀င် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှ ခရိုင် ခြောက်ခုတွင် ခရီးသွားစက်ဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံအစိုးရက စီမံကိန်းဖြင့်ဖော်ဆောင်နေသည်ဟု ရနောင်းခရိုင် ဒုတိယခရိုင်ဝန်က ပြောသည်။ ထိုင်းနိုင်ငံရှိ ဖက်ဘူရီ၊ ပရာကျွတ်ခီရီခန်၊ ချုံဖွန်၊ ရနောင်းခရိုင်တို့နှင့် မြန်မာ နိုင်ငံရှိ မြိတ်၊ ကော့သောင်း ခရိုင်တို့ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း...

လော့လော့ပုစွန်ကန် သိမ်းဆည်းမြေ အစားပြန်မရသေးဟုဆို

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာတွင် ပုစွန်ကန် လုပ်ဆောင်ရန် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများ အစားပြန်မရသေးကြောင်း ရွာသားအချို့က ပြောသည်။ လော့လော့ကျေးရွာတွင် လယ်ယာ မြေ၊ ဓနိမြေနှင့် တောရိုင်းမြေအပါအ၀င် မြေဧက ၄၂၀ ကို ငါးလုပ်ငန်းဦးစီးဌာနက ပုစွန်ကန်စီမံကိန်းလုပ်ဆောင်ရန် ၂၀၀၃ ခုနှစ်က သိမ်းယူခဲ့ပြီး...

အကျဉ်းသားတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ဆယ်ကျော် ဖမ်းမိ

တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားတစ် ဦးထံမှ WY စိတ်ကြွဆေးပြားနှစ်ဆယ်ကျော်ကို သြဂုတ်လ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ပြင်ပအလုပ်ခွင်တွင် ၀ါးခုတ်ရာမှ ပြန်လာသည့် အသက်၂၈ နှစ်...

ပြည်ထောင်စုလွှတ်တော် သဘာဝဘေးထောက်ပံ့ပေးရေးအဆိုတွင် တနင်္သာရီတိုင်း မပါသဖြင့် တောင်းဆိုခဲ့ရ

ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် အသက်အိုး အိမ်စည်းစိမ်ဆုံးရှုံး မှုများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း တင်ခြင်းနှင့်  လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို ကူညီထောက်ပံ့ပေးမည့်အဆိုတွင် တနင်္သာရီတိုင်း မပါဝင်သဖြင့် တောင်း ဆိုခဲ့ရသည်။ သြဂုတ်လ ၁၃...

တရားမ၀င်ရွှေတူး ယန္တရားသံထည်နှစ်စီး တနင်္သာရီမြစ်တစ်လျှောက်မျောလာ

တရားဝင်ခွင့်ပြုပေးထားခြင်း မရှိသည့် ရွှေတူးဖော်ရေးလုပ်ငန်းသုံး ရွှေတူးယန္တရား သံထည်(ရွှေတူးသင်္ဘော)နှစ်စီး တနင်္သာရီ မြစ်တစ်လျှောက်မျောလာပြီး တနင်္သာရီမြို့ နယ်သို့ ရောက်ရှိလာခဲ့သည်။ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက သိန္ဓောကျေးရွာအုပ်စု သိန္ဓောရွာသို့ လူလိုက်ပါလာခြင်း မရှိဘဲ ရေစီးဖြင့် မျောလာသည့် ရွှေတူးယန္တရား သံထည် တစ်ခုကို...