စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၈၀ အရွယ် အဖွားအိုတစ်ဦး မုဒိမ်းကျင့်ခံရ

0
841

ပလောက်မြို့တွင် စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၈၀ နှစ် အရွယ်ရှိ အဖွားအိုတစ်ဦး စက်တင်ဘာ လ ၁၀ ရက်က မုဒိမ်းကျင့်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ဆင်ထိုးကြီးကျေးရွာနေ အဖွားအို ကို အိမ်ချင်းကပ်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားက ညနေ ၄ နာရီခန့်တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်အပေါ်ထပ် ဧည့်ခန်းတွင် မုဒိမ်းကျင့်နေသည်ကို အဖွားအို၏မြေး က မြင်တွေ့ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်း ကျင့်ခဲ့သည်ဆိုသည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ပလောက် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch