မုတ်သုံဆုတ်ချိန် မိုးကြိုးနှင့် လေပြင်းအန်္တရာယ် သတိပြုရန် မိုးဇလသတိပေး

0
429

မုတ်သုံဆုတ်ခွာနေသည့် အချိန် တစ်လခန့်အတွင်း မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း များကို သတိပြုနေထိုင်၊ သွားလာကြရန် တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေး ၊ပြောကြားလိုက်သည်။

မုတ်သုံလေသည် အောက်တိုဘာ လဆန်းတွင် မြန်မာပြည်တောင်ဘက်ပိုင်းတွင်ပါဝင်သည့် တနင်္သာရီတိုင်းမှ ဆုတ်ခွာတော့မည် ဖြစ်၊ကြောင်း အထက် ပါဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင် က ပြောသည်။

မုတ်သုံဆုတ်ခွာသည့်အချိန်သည် တစ်လခန့်ကြာမြင့်လေ့ရှိပြီး ယင်းကာလ တွင် လေထုမငြိမ်မသက်ဖြစ်ကာ မိုးကြိုး ပစ်ခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။

“မုတ်သုံရဲ့ သဘောက ပင်လယ် လေ တစ်အားပူရင်တော့ မြန်မြန်ဆုတ် တယ်။ အေးရင်တော့ ဆုတ်တာ နောက် ကျတယ်။ မုတ်သုံဆုတ်တာက တစ်လ လောက်ကြာလေ့ ရှိတယ်။ အဲဒီကာလမှာ တော့ လေပြင်းတိုက်တာ၊ မိုးကြိုးပစ် တာကို သတိထားနေထိုင်ကြရမယ်”ဟု ၎င်းက ဆိုသည်။

မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းတို့သည် မုတ် သုံလေ စတင်ဝင်ရောက်ချိန်နှင့် ဆုတ် ခွာချိန်တို့တွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။

တနင်္သာရီတိုင်းတွင် မိုးကြိုးပစ် ခတ်ခြင်းများ တစ်နှစ်ထက်တစ်နှစ်များ လာနေပြီး မိုးကြိုးကြောင့် လူသေဆုံး မူများလည်း တစ်နှစ်ထက်တစ်နှစ် များလာနေကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူ ဦးစီးဌာနတာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။

တနင်္သာရီတိုင်းကို  ယခုနှစ်မိုးရာသီ မုတ်သုံလေ စတင်ဝင်ရောက်စဉ်ကလည်း မိုးကြိုးပစ်ခတ်ခြင်းကြောင့် လူသေဆုံး မူများရှိခဲ့ဖူးသည်။

မုတ်သုံဆုတ်ခွာနေချိန်တွင် တောင် တရုတ်ပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ် အော်တို့တွင် မုန်တိုင်းဖြစ်ပေါ် လေ့ရှိပြီး ယင်းမုန်တိုင်းအရှိန်ကြောင့် တိုင်းအတွင်း မိုးရွာသွန်းမှုများ ဖြစ် ပေါ်နိုင်သေးကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမူ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး