မြိတ်ရော်ဘာဈေး အနည်းငယ်ကျ

မြိတ်ရော်ဘာဈေးကွက်အတွင်း ရာသီစအဖွင့်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာနေလှမ်းပြား တစ်ပိဿာလျှင် သုံးရာကျပ်အထိနှင့် ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က...

ပုလော၊ နန်းတောင်ရွာတွင် တိုက်ပွဲဖြစ်နေ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာတွင် ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

လမ်းဖိုး ကောက်ခံငွေဖြင့် တံတားဆောက်သည့် ရာအိမ်မှူး ဝေဖန်ခံရ

မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာ အုပ်စု ရွှေပြည်တန်ရပ်ကွက်ရှိ မေဓါဝီ လမ်းတွင် မြေသားလမ်းခင်းရန် ကောက်ခံ ထားသည့် ငွေကျပ် ၅ သိန်းကို ရာအိမ် မှူးဆိုသူက ပေါင်းကူးတံတားဆောက်ရာ တွင် သုံးလိုက်သည့်အတွက် လမ်းသူလမ်း သားများနှင့် လမ်းကော်မတီဝင်များက မကျေမနပ် ဖြစ်လျက်ရှိသည်။ ယင်းလမ်းသည်...

ငါးရက်အတွင်း လေဘေးကြောင့် နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီး၊ မြိတ်ခရိုင်အများဆုံး

ပြီးခဲ့သည့်ရက်များက တိုက်ခတ်သည့် လေပြင်းကြောင့် ငါးရက်အတွင်း နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြိတ်ခရိုင်တွင် အများဆုံးဖြစ်ပွားခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင်တွင် နေအိမ် ၁၀၉ လုံး၊ ကော့သောင်းခရိုင်တွင် နေအိမ်...

ငါးမဖမ်းရ ရာသီ ယခင်အတိုင်း ပြန်သတ်မှတ်ပေးရန်တင်ပြ

ငါးမဖမ်းရ ရာသီကို လှေရှင်များ၏ တောင်းဆိုချက်အရ ယခင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်တို့ကို ပြန်လည် သတ်မှတ်ပေးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနက တိုင်းအတွင်းရှိ ရေလုပ်သားများ၏ အခက်အခဲကို...

ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။

ငါးမဖမ်းရရာသီ ကမ်းဝေးငါးဖမ်း လှေများသာ ဖမ်းခွင့်ပိတ်၊ ကမ်းနီးငါးဖမ်း လှေများ ဖမ်းနိုင်

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ် ကွက်အများစုတွင် သုံးလတိတိ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ရာတွင် ကမ်းဝေး ငါးဖမ်းလှေများကို ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စု ငါးလုပ်ငန်းဦးစီး ဌာန၏ ဧပြီလ ၁၂ ရက် ရက်စွဲဖြင့် ထုတ် ပြန်ခဲ့သည့် ညွှန်ကြားချက်တွင် ပြည်...

ဘိန်းစာပင်ပေါင်း ၁၆၀၀ ကျော် ဖျက်ဆီး

တနင်္သာရီမြို့နယ်တွင် ပေါက်ရောက် နေသည့် ဘိန်းစာပင်ပေါင်း ၁၆၀၀ ကျော် ကို ဇွန်လ ၁၄ ရက်နေ့က ခရိုင် မြို့နယ်အသီးသီးမှ အဖွဲ့အစည်းများ စုပေါင်း ရှင်းလင်းခဲ့ကြကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ သကျက်ကျေး ရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ...

ပုလော မီးလောင်ချောင်းရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံက သိရသည်။ မီးလောင်ချောင်းရွာရှိ ပျူစောထီးတပ်စခန်းကို ဇန်နဝါရီလ ၃၀ ရက်...

မြိတ်မြို့တွင်းလေးနေရာ မူးယစ်သောက်စားခြင်း မပြုရ

မြိတ်မြို့တွင်းရှိနေရာလေးခုတွင် မူးယစ်သောက်စားပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ မြိတ်မြို့တွင်းရှိ တလိုင်းစု ရပ်ကွက် မှ သဲကွင်းအထိ ကမ်းနားလမ်းတစ်လျှောက်၊ လေယာဉ်ကွင်းလမ်းတစ်လျှောက်၊ မြစ် ငယ်ရပ်ကွက် ကန်ကြီးရေကန်ဘောင်နှင့် ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ဂေါက် ကွင်းစသည့်နေရာများသည်...