မြိတ်မြို့တွင်းလေးနေရာ မူးယစ်သောက်စားခြင်း မပြုရ

0
685

မြိတ်မြို့တွင်းရှိနေရာလေးခုတွင် မူးယစ်သောက်စားပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

မြိတ်မြို့တွင်းရှိ တလိုင်းစု ရပ်ကွက် မှ သဲကွင်းအထိ ကမ်းနားလမ်းတစ်လျှောက်၊ လေယာဉ်ကွင်းလမ်းတစ်လျှောက်၊ မြစ် ငယ်ရပ်ကွက် ကန်ကြီးရေကန်ဘောင်နှင့် ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ဂေါက် ကွင်းစသည့်နေရာများသည် အများပြည် သူလမ်းလျှောက်အနားယူအပန်းဖြေသည့် နေရာများဖြစ်သည့်အတွက် ယင်းနေရာ များအတွင်း အရက်သေစာဝိုင်းဖွဲ့သောက် စားခြင်း၊ ကော်ရှူခြင်း၊ မူးယစ်ရမ်းကား ခြင်းပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ် ပြန်ကြေညာထားသည်။

ယင်းနေရာများတွင် တွေ့ရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့သို့မဟုတ် စည်ပင်သာယာရေးဥပဒေ များဖြင့် အရေးယူသွားမည်ဟု မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောကြား သည်။

“ဒီအမိန့်က အရင်တုန်းကလည်း ထုတ်ဖူးတယ်။ မကြာမကြာ ထုတ်ပြီးတော့ အသိပေးတယ်” ဟု၎င်းက ပြောသည်။

အများပြည်သူလမ်းလျှောက်သည့် ကန်ကြီးရေကန်ပတ်လမ်းတွင် တားမြစ် ထားသည့်ဆိုင်းဘုတ်များ တွေ့ရသော် လည်း ယင်းဆိုင်းဘုတ်များအား ဖျက်ဆီး ထားသည်ကို တွေ့ရှိရပြီး ညဘက်တွင် လူငယ်တချို့ရံဖန်ရံခါအရက်ဘီယာ သောက်စားလေ့ရှိကြောင်း ကန်ကြီး ရေကန်ဘောင် ၌ နေ့စဉ်လမ်းလျှောက်ကြသူ အချို့က ပြောသည်။

ကိုဆန်း