ဘိန်းစာပင်ပေါင်း ၁၆၀၀ ကျော် ဖျက်ဆီး

0
474

တနင်္သာရီမြို့နယ်တွင် ပေါက်ရောက် နေသည့် ဘိန်းစာပင်ပေါင်း ၁၆၀၀ ကျော် ကို ဇွန်လ ၁၄ ရက်နေ့က ခရိုင် မြို့နယ်အသီးသီးမှ အဖွဲ့အစည်းများ စုပေါင်း ရှင်းလင်းခဲ့ကြကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။


တနင်္သာရီမြို့နယ်၊ သကျက်ကျေး ရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ တွင် ဘိန်းစာပင်များပေါက်ရောက်နေ ကြောင်း သတင်းရရှိသဖြင့် သွားရောက် ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။