ကင်းမွန် ဖမ်းဆီးရရှိမှုနည်းသဖြင့် ကုန်ကျစရိတ် မကာမိဟုဆို

မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးရမိမှု နည်းသည့်အတွက် ကုန်ကျစရိတ် မကာမိကြောင်း ကင်းမွန်လှေရှင်များက ပြောသည်။ တနင်္သာရီပင်လယ်ပြင်အတွင်း ရာသီပေါ်ကင်းမွန်များကို နိုဝင်ဘာလဆန်းက စတင်ဖမ်းဆီးနေကြပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုနည်းကာ လှေအချို့ စရိတ်မကာမိကြကြောင်း လှေပိုင်ရှင်များက ဆိုသည်။

ပဝတ်ကုန်းရွာသား လေးဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဒေသခံ လေးဦးကိုမူ နှစ်ပတ်ကျော်ကြာသည်အထိ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်ညက...

မြန်မာလုပ်သား ခြောက်ဦးပါသည့် တရားမဝင်ငါးဖမ်းလှေ ထိုင်းတွင် အဖမ်းခံရ

မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး လိုက်ပါသည့် တရားမဝင် ငါးဖမ်းလှေတစ်စီးကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းပင်လယ်ပြင်တွင် ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တစ်ဖက်ရှိ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကမောက်ကျွန်းအနီးတွင် ဖမ်းမိခြင်းဖြစ်ကြာင်း...

တနင်္သာရီတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ၊ ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိ ရှိလာ

တနင်္သာရီမြို့နယ်တွင် အမျိုးသားနှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၈) ပစ်သတ်ခံရပြီး အဆိုပါမြို့နယ်တွင် ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်က လယ်သစ်ကျေးရွာ ရွာလမ်းတွင်...

မြိတ်တွင် မြကန်သာရွာက ပြောင်းရွှေ့ခံရသည့် လူရှစ်ရာကျော် အကူအညီလို

မြိတ်မြို့တွင် မြကန်သာကျေးရွာဟု ခေါ်ဝေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ နီးပါး လူဦးရေအားဖြင့် ရှစ်ရာကျော်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကန်သာကျေးရွာဟု အမည်တပ်ထားသည့် မြေပေါ်တွင် နေထိုင်သည့်...

မြိတ်တွင် အိမ်စီးကား နေအိမ်ကို ဝင်တိုက်၊ လူ ၁၀ ဦးဒဏ်ရာရ

မြိတ်မြို့နယ် ကန်သာယာကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၇) အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်တစ်အိမ်အတွင်း ဝင်တိုက်သဖြင့် ကားပေါ်လိုက်ပါလာသူ ၁၀ ဦး ဒဏ်ရာရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့...

တနင်္သာရီ လယ်သစ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ဒလန်ဟု သတင်းထွက်နေသည့် လယ်သစ်အရှေ့ကမ်းတွင် နေထိုင်သူ အသက်...

မြိတ်ရော်ဘာဈေး အနည်းငယ်ကျ

မြိတ်ရော်ဘာဈေးကွက်အတွင်း ရာသီစအဖွင့်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာနေလှမ်းပြား တစ်ပိဿာလျှင် သုံးရာကျပ်အထိနှင့် ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က...

ပုလော CDM လက်ထောက်ပညာရေးမှူးနှင့် နှစ်ဦး ကားတိုက်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၏ CDM လက်ထောက်ပညာရေးမှူးနှင့် အမျိုးသမီးငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကာ အခြားအမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ပုလောပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ပုလောမြို့နယ်...

ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇...