ကျိုက်မရော ရှေးဟောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း ၉ စောင် ဖတ်

မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းမှုဆိုင်ရာ သုတေသန တွေ့ရှိချက် စာတမ်းဖတ်ပွဲတွင် စာတမ်း ၉ စောင် ပါဝင်ဖတ်ကြားခဲ့သည်။ အဆိုပါ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်က ကျိုက်မရောမြို့ အတ်္တရံခန်းမ တွင် ကျင်းပခဲ့သည်။ သမိုင်းကြောင်းအရသော်လည်းကောင်း ပထ၀ီအနေအထားအရသော်လည်းကောင်း...

မော်လမြိုင်ဆေးရုံတွင် ခွေးရူးပြန် ကာကွယ်ဆေးပြတ်လပ်၊ လူမှုအဖွဲ့ အစည်းက လှူသည့် ဆေးဖြင့်ထိုးပေးနေ

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်လျက်ရှိပြီး လက်ရှိတွင် လူမှုအဖွဲ့ အစည်းကလှူဒါန်းပေးသည့်ဆေးဖြင့် ထိုးပေးလျက်ရှိကြောင်း မော်လမြိုင် ဆေးရုံအုပ်ကြီးထံမှ သိရသည်။မွန်ပြည်နယ်တွင် မော်လမြိုင်ဆေးရုံ ကြီး အပါအဝင် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် အခမဲ့ထိုးပေးနေသည့် ခွေးရူး ပြန်ကာကွယ်ဆေးများ နိုဝင်ဘာလကုန်ခန့်မှ ပြတ်လပ်သွားခဲ့ပြီးနောက် မော်လမြိုင်ဆေးရုံကြီးတွင်ကရုဏာစမ်း ရေ လူမှုရေးအဖွဲ့အစည်းမှ လှူဒါန်းပေးသည့်ဆေးဖြင့်အရေးပေါ်ထိုးပေးလျက်ရှိကြောင်းမော်လမြိုင်ဆေးရုံအုပ် ဒေါက်တာကျော်မြင့် က ပြောသည်။ "ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကထောက်ပံ့ပေးတဲ့...

ကျိုက်မရောက အုန်းမွှေးစိုက်စီမံကိန်းမြေ ပြန်လည်စွန့်လွှတ်ပေးရန် မူလမြေပိုင်ရှင်များ တောင်းဆို

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းက ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင်းအထည်ဖော် နေသည့် အုန်းမွှေးစိုက်ပျိုးရေး စီမံကိန်း မြေများကို ပြန်လည်စွန့်လွှတ်ပေးရန် မူလမြေပိုင်ရှင်များက တောင်းဆိုလိုက် သည်။ စီမံကိန်း အကောင်အထည်ဖော်နေ သည့် မြေနေရာသည် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့သည့် မြေများ ဖြစ်ပြီး သိမ်းဆည်းခံထားခဲ့ရာမှ ယခု အခါ...

မွန်တွင် ယာဉ်မတော်တဆ မှုကြောင့် ၁၁ လအတွင်း သေဆုံးသူ သုံးရာနီးပါးရှိ

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီ လမှ နိုဝင်ဘာလကုန်ထိ ၁၁ လအတွင်း ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူ သုံးရာနီးပါးရှိကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) စာရင်း အရ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ဆိုင်ကယ် တိုက်မှု ၄၅၄ မှု၊ ကားမတော်တဆမှု...

ပါတီဗဟိုတွင် တိုင်ကြားခံထားရသည်ဆိုသည့်ကိစ္စ မဟုတ်မှန်ကြောင်း မွန်ဝန်ကြီးချုပ် ပြန်ရှင်း

NLD ပါတီဗဟိုတွင် တိုင်ကြားခံ ထားရသည်ဆိုသည့်ကိစ္စနှင့် ပတ်သက် ပြီး မဟုတ်မှန်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား နိုဝင် ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြန်ရှင်းခဲ့သည်။ "တိုင်စာများရှိ၍ မွန်ဝန်ကြီးချုပ်ကို သတိပေးမည်ဟု NLD ပြော" ဆိုသည့် ခေါင်းစဉ်ဖြင့်...

မွန်အမျိုးသားနေ့အတွက် မွန်ပြည်နယ်အစိုးရ ကျပ်သိန်း ၅၀၀ ထောက်ပံ့

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးသည်ဟု သိရသည်။ မွန်ပြည်နယ်အစိုးရမှ ထောက်ပံ့ ပေးသည့် ကျပ်သိန်း ၅၀၀...

မော်လမြိုင်လေဆိပ်တွင် အမောင်းသင်လေယာဉ်တစ်စီး ရှေ့ဘီးကျိုး

မြန်မာအမျိုးသား လေကြောင်း လိုင်းမှ မောင်းသင်လေယာဉ်တစ်စီး မော်လမြိင်လေဆိပ်တွင် ဆင်းသက်စဉ် ရှေ့ဘီးကျိုးပြီး ပန်ကာ ကွေးကောက် ကာ ခေါင်းစိုက်မှု ဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်လေဆိပ် မန်နေဂျာထံမှ သိရသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့က နံနက် ၈ နာရီ ၄၇ မိနစ်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာသည့်...

မွန်အမျိုးသားပညာရေးဌာန ဦးဆောင်ပြီး ကလေးတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိနေသည့် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ပြီး ကလေးတွေ့ဆုံပွဲ (ဃ့ငို Fသမကာ)ကို နိုဝင်ဘာ ၂၀ ရက်က ရေးတောင်ပိုင်း ခေါ်ဇာမြို့ရှိ မွန်အမျိုး သားကျောင်းတွင် ကျင်းပခဲ့သည်။ ကလေးတွေ့ဆုံကို ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ်...

ချောင်းဆုံတွင် ဖမ်းမိသည့် ကသမျှင်ငါးကို ကျပ်သိန်း ၅၀၀ ကျော်ဖြင့် ရောင်းချ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဖမ်းမိသည့် ကသမျှင်ငါးအမတစ် ကောင်ကို ကျပ် ၅၆၅ သိန်းဖြင့် ရောင်း ချခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ အလျား ၆ ပေ ၊ အနံ ၁ ဒသမ ၁ ပေနှင့် အလေးချိန်...

သင်ရိုးစာအုပ်မရှိ၍ တိုင်းရင်းသားစာပေ သင်ကြားမှု အခက်အခဲဖြစ်

မွန်ပြည်နယ်တွင် အစိုးရစာသင် ကျောင်းများ၌ တိုင်းရင်းသားစာပေသင် ကြားနေသည့် ကျောင်းသူ^သားများ အတွက် သင်ရိုးညွှန်းတမ်းစာအုပ်မရရှိ သည့်အတွက် သင်ကြားမှုအပိုင်းတွင် အခက်အခဲဖြစ်နေကြောင်း တိုင်းရင်း သားစာပေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေသူများထံမှ သိရသည်။ အစိုးရစာသင်ကျောင်းများ၌ တိုင်း ရင်းသားစာပေ သင်ကြားရေး စနစ်တကျ ဖြင့် အောင်မြင်စွာ သင်ကြားနိုင်ရေး...