ကျိုက်မရော ရှေးဟောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း ၉ စောင် ဖတ်

0
470

မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းမှုဆိုင်ရာ သုတေသန တွေ့ရှိချက် စာတမ်းဖတ်ပွဲတွင် စာတမ်း ၉ စောင် ပါဝင်ဖတ်ကြားခဲ့သည်။

အဆိုပါ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်က ကျိုက်မရောမြို့ အတ်္တရံခန်းမ တွင် ကျင်းပခဲ့သည်။

သမိုင်းကြောင်းအရသော်လည်းကောင်း ပထ၀ီအနေအထားအရသော်လည်းကောင်း တန်ဖိုးရှိသည့်  အခြေအနေများကို သိရှိစေရန်နှင့် ထိုသိရှိထားသည့်အခြေအနေပေါ်မှ ထပ်ပြီး ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် ဆုံးဖြတ်ချက်ချသည့်နေရာ၊ ရင်းနှီးမြှုပ်နှံသည့်နေရာတွင် သတိထားရန် အတွက်နှင့်လိုအပ်လျှင် လိုအပ်သလိုပြင် ဆင်ထိန်းသိမ်းရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထိုက်အလျှောက် အထောက်အကူပြုစေရေး ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ့်ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးရှိမှု၊ သဘာဝတရားရဲ့ အကျိုးပေးမှုများနဲ့ ဆက်လက်ထိန်းသိမ်းသင့်သည်များကို အားလုံးကောင်းစွာ နားလည်သဘော ပေါက်မှုနဲ့အတူ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားတစ်ရပ်အနေနဲ့ဖြစ် ထွန်းလာမယ်လို့ ယုံကြည်ယူဆတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

စာတမ်းဖတ်ပွဲတွင် ကျိုက်မရောမြို့ နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းစာတမ်း၊ ကျိုက်မရောမြို့နယ် အတွင်းထင်ရှားသော သာသနိကနယ်မြေများနှင့် ရှေးဟောင်းစာပေယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်များစာတမ်း၊ ကျိုက်မရော မြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာလေ့လာဆန်းစစ်ခြင်း စာတမ်း၊ သင့်တော်သော စပါးစိုက်ပျိုးနည်းလမ်းရှာဖွေခြင်း နှင့် မလေးရှားစပါးတွင် ရေမြုပ်ခံဗီဇ ရှိ /မရှိ စစ်ဆေးခြင်းစာတမ်း အစရှိသည့် စာတမ်း ၉ စောင် ဖတ်ကြားခဲ့သည်။

ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ် ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနကို မွန်ပြည် နယ် လွှတ်တော်နှင့် မော်လမြိုင်တက်္ကသိုလ် သမိုင်းဌာန၊ ပထ၀ီဝင်ဌာန၊ ရူပဗေဒဌာန၊ မြန်မာစာဌာနနှင့် ဘူမိဗေဒဌာနတို့မှ ဆရာ၊ ဆရာမတို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့သည်။

 

ယဉ်စနိုင်း