မွန်အမျိုးသားနေ့အတွက် မွန်ပြည်နယ်အစိုးရ ကျပ်သိန်း ၅၀၀ ထောက်ပံ့

0
497

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးသည်ဟု သိရသည်။

မွန်ပြည်နယ်အစိုးရမှ ထောက်ပံ့ ပေးသည့် ကျပ်သိန်း ၅၀၀ အနက် ဗဟို အဆင့်ကျင်းပသည့် အခမ်းအနားအတွက် ကျပ်သိန်း ၄၀၀ နှင့် မြို့နယ်အဆင့် အခမ်း အနား အသီးအသီးအတွက် တစ်မြို့နယ် ကျပ် ၁၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၁၀၀ ခွဲဝေပေးသွားမည်ဟု ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဗဟိုနယကလည်းဖြစ် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
ဗဟို အခမ်းအနားကိုတော့ တချိန် က မွန်လူမျိုးတို့၏ ဟံသာဝတီ နေပြည်တော်ဖြစ်ခဲ့သည့် ပဲခူးမြို့ ရွှေမော ဓောဘုရားဝင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါဗဟိုအခမ်းအနားအတွက် ငွေကျပ်သိန်း ၁၅၀၀ ခန့် အသုံးပြုရန် လျာထားသည်။

အခမ်းအနားကျင်းပရေး ကော် မတီမှ လျာထားကုန်ကျစရိတ်အတိုင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ ထောင်းခံထားသော်လည်း ပြည်နယ် အစိုးရက ကျပ်သိန်း ၅၀၀ သာထောက်ပံ့ ပေးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြောသည်။
“ပဲခူးတိုင်းအစိုးရကိုလည်း သိန်း ၅၀၀ ထောက်ပံ့ပေးဖို့ တောင်းထားတယ်၊ ပေးမပေးတော့ အကြောင်းမပြန်သေးဘူး အရင်နှစ်တွေတုန်းက မြို့နယ်အဆင့်လုပ် တော့ နှစ်တိုင်း ၁၀ သိန်း ထောက်ပံ့ပေး တယ်”ဟု ၇၂ ကြိမ်မြောက် မွန်အမျိုးသား နေ့ ဗဟိုအခမ်းအနား ကျင်းပရေး ကော်မတီ ဒုဥက္ကဌ နိုင်ရွှေဖူးက ပြောသည်။