ဒုလျှပ်စစ်အင်ဂျင်နီယာချုပ်ဟောင်းအား မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် အတည်ပြု

မွန်ပြည်နယ်အစိုးရအဖွဲ့ လစ်လပ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနေရာကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဒုတိယလျှပ်စစ်အင်ဂျင်နီယာချုပ်ဟောင်း  ဦးလှထွန်းကို မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။ ၀န်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့သည့် ဦးလှထွန်းကို မေလ ၆ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ  အတည် ပြုလိုက်ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် အကျဉ်းသား ၈၆၁ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနှစ် တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်း အသီးသီးတို့မှ အကျဉ်းသား ၈၆၁ ဦး မေလ ၇ ရက် က လွတ်မြောက်လာကြသည်ဟု မော်လမြိုင် အကျဉ်းထောင်ဦးစီးဌာနထံမှ သိရသည်။ လွတ်မြောက်လာသူများအနက်မှ မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော...

မီတာခ အွန်လိုင်းစနစ်ဖြင့် ကောက်ခံရေးအဆို မွန်လွှတ်တော် အတည်ပြု

မွန်ပြည်နယ်တွင် မီတာခကို အွန်လိုင်း သို့မဟုတ် Mobile App ဖြင့် ပြောင်းလဲ ကောက်ခံရေးအဆိုကို ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည်။ ပြည်သူများအနေဖြင့် မီတာခ ပေးသွင်းရာတွင် အခက်အခဲများရှိသည့် အတွက် Online သို့မဟုတ် Mobile App  များဖြင့်...

အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

မော်လမြိုင်-သံဖြူဇရပ်လမ်းကို အချိန်မီပြုပြင်ရန် တိုက်တွန်း

ဝေဖန်မှုများမြင့်တက်နေသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကို အချိန်မီပြုပြင်ရန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြည်နယ်အစိုးရအား တိုက်တွန်းလိုက်သည်။ အေးကို(AK) ကုမ္ပဏီက BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းတွင် ကုမ္ပဏီဘက်က စာချုပ်အရ ၂၄ ပေ လမ်းအလယ်ကြောတစ်လျှောက်ကိုသာ နိုင်လွန်ကတ္တရာ ခင်းထားသည့်အတွက် လမ်းအလယ်ကြောမှာ နံဘေးလမ်းထက် အနည်းငယ်...

မြေမြှုပ်မိုင်းရှင်းလင်းရေး အစိုးရကို တင်ပြထားဟု မွန်ပြည်သစ်ပါတီပြော

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိက မြေမြှုပ်မိုင်းများကို ရှင်းလင်းနိုင်ရေး အစိုးရကို တင်ပြထား သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနမှ ဒုတိယတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် ရေဖြူမြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုများ ဖြစ်ပွားလာခဲ့ပြီးနောက် အဆိုပါ မြေမြှုပ်မိုင်း များကို ရှင်းလင်းနိုင်ရန် အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး...

မော်လမြိုင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းအတွက် လျှောက်လွှာစရောင်း

မော်လမြိုင်မြို့နယ်၊ ကြာအင်း ကျေးရွာရှိ ဗညားဒလတန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများအတွက် လျှောက်လွှာများကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ တိုက်ခန်းဝယ်ယူလိုသူများသည် တိုက်ခန်းလျှောက်လွှာများကို တစ်စောင် လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် မွန်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးစီးဌာနရုံးတွင် ဧပြီလ ၂၂ ရက်မှ...

မွန်တွင် မြို့နယ်အားလုံးနီးပါး ရေပြတ်လပ်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးနီးပါး ကျေးရွာများတွင် သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ ရေပြတ်လပ် မှုဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ မြို့နယ်များရှိ ဒေသခံအချို့ထံမှ သိရသည်။ မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များရှိ...

ဗဟိုအစိုးရကိုပဲ အားမကိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်သူ/ပြည်သားများအနေဖြင့် ဗဟိုအစိုးရကိုပဲ အားမကိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဧပြီလ ၄ ရက်တွင် ပြုလုပ်သည့် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲတွင် အသိပေး ပြောကြားခဲ့သည်။ မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မွန် ဒေသခံများ တွေ့ဆုံပွဲတွင် ပြည်သူလူထုမှ...

ပေါင်တွင် ရဟန်းခံရှင်ပြုလှည့်သည့်ဆင် အန္တရာယ်ပြု၍တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ရဟန်းခံရှင်ပြုလှည့် သည့်ဆင် အန္တရာယ်ပြုသည့်အတွက် ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိသည်ဟု ရင်းငြိမ်နယ်မြေရဲစခန်းထံမှ သိရသည်။ မတ်လ ၂၄ ရက်က သဗြုချောင် ကျေးရွာနေ အလှူရှင် ဦးဇင်ယော်အိမ်တွင်...