ဘီလူးကျွန်း တောင်ပြိုမှု တစ်ဦးသေ၊ နေအိမ် ၃ လုံးပျက်စီး

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကွမ်ရိုက်ရွာနှင့် ကဒါရွာတို့တွင် တောင်နံရံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နေအိမ် ၃ လုံး ပြိုကျပျက်စီးသွားသည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က...

ဘီးလင်းတွင် လေပြင်းကြောင့် နေအိမ်အများအပြားပျက်စီး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနှင့်...
Dawei Watch, Dawei News, Dawei News Media

သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မွန်တွင် ရပ်ကွက်ကျေးရွာအချို့ ရေကြီးရေလျှံ

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနှင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့...

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ...

သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။ Safe for Sick အစီအစဉ်ကို...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကြောင့် မော်လမြိုင် ရတနာထွန်းပွဲရုံတန်း ယာယီပိတ်

ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသဖြင့် မော်လမြိုင် ဈေးကြိုရပ်ရှိ ရတနာထွန်းပွဲရုံတန်းကို ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း ပွဲရုံတန်းမှ ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသောကြောင့် ရတနာထွန်းပွဲရုံတန်းနယ်မြေအတွင်းရှိ ဆိုင်ခန်းများအားလုံး ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယာယီပိတ်ထားရန်...

မွန်တွင် နှာခေါင်းစည်းဈေး သုံးဆခန့် ခုန်တက်

ကိုဗစ်ကူးစက်မှုနှုန်း များပြားနေသည့် မွန်ပြည်နယ်တွင် ပါးစပ် နှာခေါင်းစည်း Mask ဈေးနှုန်း သုံးဆခန့်အထိ ခုန်တက်သွားကြောင်း နှာခေါင်းစည်းရောင်းချနေသူတို့ထံမှ သိရသည်။ ဇွန်လမတိုင်းခင်က အခုရေ ၅၀ ပါသည့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိခဲ့သော်လည်း...

မွန်တွင် တစ်မနက်အတွင်း ကိုဗစ်လူနာ ၅ ဦး သေဆုံး

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ဇူလိုင်လ ၃ ရက်နေ့ တစ်မနက်တည်းတွင် အတည်ပြုလူနာ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊...
Dawei Watch, Dawei News, Dawei News Media

မော်လမြိုင်နှင့် သံဖြူဇရပ်ရှိ စားသောက်ဆိုင်များ ပါဆယ်သာ ရောင်းရမည်

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု များနေသည့် မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ ဇူလိုင်လ ၂ ရက်နေ့မှစပြီး ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ...