လေးနှစ်အရွယ်သမီးဖြစ်သူအား ရိုက်နှက်ဆုံးမရာမှ လက်လွန်သေဆုံး

ကော့သောင်းမြို့နယ်၊ လုံးဖော ကျေးရွာတွင် လေးနှစ်အရွယ် သမီးဖြစ် သူအား မိခင်ဖြစ်သူက ရိုက်နှက်ဆုံးမရာမှ လက်လွန်သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု နိုဝင်ဘာလ ၁၇ ရက်နေ့ ညက ဖြစ်ပွား ခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သေ ဆုံးသူ ကလေးငယ်၏ အဖွားဖြစ်သူက ကလေးပျောက်နေခြင်းကြောင့်...

ကော့သောင်းတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဆယ်ကျော်

ကော့သောင်းခရိုင်တွင် ယခုနှစ် အတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံး သူဦးရေ နှစ်ဆယ်ကျော်ရှိကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလာမှ နိုဝင်ဘာ လ အပတ်အထိ ယာဉ်မတော်တဆမှု ကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသ မီး ၈ ဦး စုစုပေါင်း...

မလေးရှားပို့မည့် တရားမဝင်သစ် တန် ၁၆၀ ခန့်ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီးပိုင်နက် ပင်လယ်ပြင်တွင် တစ်ပတ်အတွင်း သစ် တန် ၁၆၀ ခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်န့က ကော့သောင်းမြို့နယ် မြန်မာ့ပင်လယ် ပြင်တွင် ပိတောက်မာ သစ်ခွဲသား တန် ၁၀၀ ခန့် တင်ဆောင်လာသည့် စက်လှေ...

ကော့သောင်းမြို့ ရွှေဟင်္သာဈေးကို နှစ်ထပ်ဈေးအသစ် ဆောက်မည်

ကော့သောင်းမြို့၊ ရွှေဟင်္သာရပ် ကွက်ရှိ မင်္ဂလာဈေး(ဒေသခံအခေါ် ရွှေ ဟင်္သာဈေး)အား အဆင့်မြင့် အဆောက် အအုံ တည်ဆောက်မည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။ အဆိုပါဈေးကို အစိုးရရန်ပုံငွေဖြင့် မဟုတ်ဘဲ ငွေရတီဆောက်လုပ်ရေး ကုမ္ပဏီက သန်းပေါင်း ၉၀၀ ကျော် အကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး လာမည့်...

ကော့သောင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ယခင်နှစ်ထက် အလှူငွေ ကျပ်သိန်း သုံးဆယ်ကျော်ပိုရ

ကော့သောင်းနှစ်ကျိပ်ရှစ်ဆူဘုရား ပွဲတော်တွင် ယခင်နှစ်ထက် အလှူငွေ ကျပ် သိန်းသုံးဆယ်ကျော် ပိုမိုရရှိခဲ့ ကြောင်း ပြည်တော်အေးဂေါပက အဖွဲ့ ထံမှ သိရသည်။ တန်ဆောင်တိုင်ကာလတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နှစ်ကျိပ် ရှစ်ဆူ ဘုရားပွဲတွင် ၂၀၁၆ ခုနှစ်က အလှူငွေ သိန်းငါးဆယ်ကျော်ရရှိခဲ့ပြီး ယခုနှစ်တွင် အလှူငွေ သိန်းရှစ်ဆယ်...

ကော့သောင်းခရိုင် ဆေးဆိုင်များ အသင်းဖွဲ့စည်း

ကော့သောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စုပေါင်းကာ ခရိုင်ဆေး ဆိုင်များအသင်း ဖွဲ့စည်းခဲ့ကြောင်း ဦးဆောင်ဖွဲ့စည်းသည့် ဆေးဆိုင်ပိုင်ရှင် များထံမှ သိရသည်။ အောက်တိုဘာလ ၂၂ရက်တွင် ကော့သောင်းမြို့ရှိ ဆေးဆိုင် ၃၀ ကျော် စုပေါင်းကာ ခရိုင်ဆေးဆိုင်များအသင်း ကို ဖွဲ့စည်းခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး တွင် နိုဝင်ဘာလ ၅ ရက်က...

ဖယောင်းတိုင်မီးမှတစ်ဆင့် အခန်းတွဲမီးလောင်

ဖယောင်းတိုင်မီးထွန်းထားရာမှ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ် ကွက်၊ စည်ပင်ပိုင် ဘုရင့်နောင်ကဇာတ် ရုံဝင်းအတွင်းရှိ အခန်းတွဲတစ်ခုတွင် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ရက်နေ့ ည ၈ နာရီ ၄၅ မိနစ် ခန့်က လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး အစွန်ဆုံးအခန်းတွင် ထွန်းထားသည့်...

လိုင်စင်မဲ့ ဆေးရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်များကို ပထမဆုံး တရားစွဲ

မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးများ ရောင်းချသည့် ကော့ သောင်းမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များကို ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်းက တရားစွဲခဲ့ သည်။ စက်တင်ဘာလအတွင်းက ၁၀ ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးအတု များ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး(Operation Panges-X) စီမံချက်အ ရ ဝင်ရောက်စစ်ဆေးချိန်တွင် ကော့ သောင်းမြို့အတွင်း...

ကော့သောင်းတွင် ဆလုံလူမျိုး အရေး ဆွေးနွေးပွဲ ကျင်းပမည်

ကော့သောင်းမြို့တွင် ဆလုံ လူမျိုး အရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ဆလုံလူမျိုးများ နေထိုင်ရာ နေရာ ရှားပါးလာခြင်းနှင့် ၎င်းတို့၏ဘ၀ကို မြှင့်တင်ပေးနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၁ ရက်(သို့)...

ကော့သောင်းသို့ တရားမဝင် အရက်၊ ဘီယာများ ဝင်ရောက်နေမှုကို ထိရောက်စွာ မတားနိုင်သေးဟုဆို

ကော့သောင်းနယ်စပ်ဂိတ်မှ ဝင်ရောက်နေသည့် တရားမဝင် အရက်၊ ဘီယာများကို ထိရောက်စွာ တားမြစ်နိုင် ခြင်း မရှိသေးကြောင်း ကုန်သွယ်ရေး ဦးစီးဌာန(ကော့သောင်း)မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။ ပါချန် မြစ်ကြောင်း တစ်လျှောက် တွင် နယ်စပ်ဝင်/ထွက်ပေါက်များ သည့်အပြင် ဌာန၏ လူအင်အား အခက်အခဲကြောင့် တရားမဝင် တင်သွင်း...