ကော့သောင်းသို့ တရားမဝင် အရက်၊ ဘီယာများ ဝင်ရောက်နေမှုကို ထိရောက်စွာ မတားနိုင်သေးဟုဆို

0
423

ကော့သောင်းနယ်စပ်ဂိတ်မှ ဝင်ရောက်နေသည့် တရားမဝင် အရက်၊ ဘီယာများကို ထိရောက်စွာ တားမြစ်နိုင် ခြင်း မရှိသေးကြောင်း ကုန်သွယ်ရေး ဦးစီးဌာန(ကော့သောင်း)မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။

ပါချန် မြစ်ကြောင်း တစ်လျှောက် တွင် နယ်စပ်ဝင်/ထွက်ပေါက်များ သည့်အပြင် ဌာန၏ လူအင်အား အခက်အခဲကြောင့် တရားမဝင် တင်သွင်း နေသည့် အရက်၊ ဘီယာနှင့် စီးကရက် များကို တားမြစ်ရန် ခက်ခဲလျက်ရှိ ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင်က ပြောသည်။
“အရက်၊ ဘီယာ၊ စီးကရက် တင် သွင်းတာတွေကို လိုင်စင်လည်း မချပေး ထားဘူး၊ တင်သွင်းခွင့်လည်း မရှိဘူး၊ တင်သွင်းလာရင်လည်း တရား မဝင်တင်သွင်းတာတွေပဲ”ဟု ဦးဖေကြို ဆိုင်က ဆိုသည်။

ကော့သောင်းမြို့တွင် မြန်မာ ဘီယာအပြင် ထိုင်းနိုင်ငံမှ ထုတ်သည့် Singha ၊Cheer စသည့် ဘီယာများ အများဆုံးရောင်းချလျက် ရှိနေပြီး အရက် အမျိုးအစားစုံလင်စွာ ရောင်းချလျက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကော့သောင်းမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လကျော် သက်တမ်းအတွင်း အရက်၊ ဘီယာများ ဖမ်းမိမှု နှစ်ကြိမ်ရှိခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။