အွန်လိုင်းဈေးဆိုင်မှ ဆေးဝါးနှင့် အလှကုန်မဝယ်ရန် စီမံ/ဘဏ္ဍာဝန်ကြီး တိုက်တွန်း

0
425

ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက် နှာပေါ်တွင် အွန်လိုင်းဈေးဆိုင်များက တရား မဝင်ရောင်းချလျက်ရှိသည့် ဆေးဝါး နှင့် အလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲ ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး က တိုက်တွန်း ပြောကြားသည်။

ကျန်းမာရေး ထောက်ခံချက်နှင့် FDA ထောက်ခံချက်ရှိသည့် ပစ္စည်းများ ကိုသာ ဝယ်ယူသုံးစွဲသင့်ပြီး မှတ်ပုံတင် ထားခြင်းမရှိသည့် ပစ္စည်းကို ဝယ်ယူ သုံးစွဲပါက ဝယ်ယူသူတွင်လည်း တာ ဝန်မကင်းဟု တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

“အာမခံချက်မရှိတဲ့ ပစ္စည်းကို ကိုယ်က အယုံလွယ်ပြီး သုံးမယ်ဆိုတော့ ကိုယ်လည်း တာဝန်မကင်းဘူးပေါ့”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
အွန်လိုင်းပေါ်တွင် တရားမဝင် ရောင်းချ နေခြင်းကို အားမပေးသော်လည်း အွန်လိုင်း က ကျယ်ပြန့်သည့်အတွက် ကြပ်မတ်ရန် ခက်ခဲကြောင်း ၎င်းကဆို သည်။

အွန်လိုင်းမှတစ်ဆင့် အလှကုန်၊ စားသောက်ကုန်နှင့် ဆေးဝါးများ တရားမဝင် ရောင်းချပါက စိစစ်အရေး ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုထားပြီး ၎င်း၏ ပြောကြားချက်ကို အာက်တိုဘာလ ၁၂ ရက်ထုတ် 7DAYသတင်းစာတွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်းတွင်လည်း အွန် လိုင်းမှတစ်ဆင့် အလှကုန်နှင့် ဆေးဝါး၊ အစားအသောက်ပစ္စည်းများ ဝယ်ယူ သုံးစွဲသူများရှိသည်။