လောင်းလုံး၊ ကမြောကင်းမဲရုံ

လောင်းလုံး၊ ကမြောကင်းမဲရုံအမှတ်(၁) ကြိုတင်မဲ NLD အနိုင်ရ

ပြည်သူ့လွှတ်တော် ဒေါ်ခင်စန္ဒီ NLD-၂၉၈ဦးစိုးမင်း USDP- ၄၇ဦးတင်ရှိန် UBP- ၁၁ပယ်မဲ- ၃ အမျိုးသားလွှတ်တော် ဒေါ်ဥမ္မာခင် NLD- ၂၈၆ဦးမြင့်သိန်း UBP-...

NUG ၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးဘီဝင်း ကွယ်လွန်

 အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးတာဝန်ယူခဲ့သည့် ဗိုလ်မှူးဘီဝင်းသည် ထိုင်းနိုင်ငံ၊ လှဘူရီခရိုင်၊ စွန်ဖူး၊ ထီးဝါးကာရှိနေအိမ်တွင် ဆေးကုသမှုခံယူရင်း အသဲကင်ဆာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

လောင်းလုံးရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့၏ ရုံးသုံးပစ္စည်းများ ပြောင်းရွှေ့

လောင်းလုံးမြို့ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၁ရက် နံနက်ပိုင်းတွင် လာရောက်ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထားဝယ်မြို့က စစ်အင်အားအလုံးအရင်းဖြင့် ယနေ့ နံနက် ၇ နာရီခန့်တွင် လာရောက်ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း...

လောင်းလုံးပကဖက ဖမ်းထားသည့် PDF နှစ်ဦးပြန်လွှတ်

လောင်းလုံးမြို့နယ်(ပကဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF ရဲဘော်နှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၉)မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “နေရာတစ်ခုမှာ ချိန်ဆိုပြီးပြန်လွတ်ပေးလိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာမည့်သူများ ထောင်ဘူးဝတွင် စောင်းဆိုင်း

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၉၀ ဦးခန့်မှာ ထောင်ဘူးဝတွင် စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း သိရသည်။ အကျဉ်းသား အကျဉ်းသူများကို လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် ထားဝယ်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များကလည်း စောင့်ဆိုင်းနေကြသည်။

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟုဆို

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။ ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စာရင်းဖြစ်ပြီး ထားဝယ် ခရိုင်တွင်...

ယခုလလယ်မှစပြီး တစ်ရက် အောက်ဆီဂျင်အလုံးရေ နှစ်ရာအထိ ထားဝယ်တွင် စထုတ်မည် ဟုဆို

ထားဝယ်မြို့တွင် သြဂုတ်လ လယ်ပိုင်းမှစကာ တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံးရေ နှစ်ရာဝန်းကျင်အထိ စထုတ်နိုင်တော့ မည်ဖြစ်ကြောင်း တပ်ကောင်စီ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံမှ သိရသည်။ တပ်ကောင်စီ၏ တိုင်းအစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ ယခုလ ၁၂...

သတ္တုကုမ္ပဏီအယူခံအမှု ကရင်တိုင်းရင်းသား ထပ်အနိုင်ရ

ဟိန္ဒားသတ္တုတွင်း တူးခွင့်ရ မြန်မာ ပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုကို တနင်္သာရီတိုင်းတရားလွှတ်တော်က ဇွန်လ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ရာ ကရင်တိုင်းရင်းသား စောဒါးရွှေက ထပ်မံအနိုင်ရခဲ့ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။ မြန်မာပွန်ပီပက်ကုမ္ပဏီက သတ္တု...

မိခင်မှကလေးထံ HIV ပိုးကူးစက်မှု ၂၀၂၅ တွင် ကင်းစင်ရန် မျှော်မှန်း

လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှ ကလေးထံ HIV ပိုး ကူးစက်မှုကင်းစင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ/ကာလသားတိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ပြောသည်။ ယင်းသို့ကူးစက်မှု ကင်းစင်စေရေးအတွက်...

လောင်းလုံး ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့မီးရှို့ခံနေရ

လောင်းလုံးမြို့နယ် ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့ကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က ကရင်ကြီးရွာဘက် နယ်မြေရှင်းရန်လာသည့် စစ်ကြောင်းနှင့်...