ထားဝယ် လယ်သမား ၁၄ ဦး တရားစွဲခံရပြန်

ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ သိမ်းဆည်းလယ်မြေများပေါ်တွင် မြိ့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ စိုက်ထူသော ခြံစည်းရိုးတိုင်များကို တွန်းလဲခဲ့သည်ဟုဆိုသော ထားဝယ်တောင်သူလယ်သမားများသမဂ္ဂမှ ဒေါ်ရီရီထွေး အပါအ၀င် ၁၄ ဦးကို အမှုဖွင့်တိုင်ကြားလိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က တရားလိုပြုလုပ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်ဟု...

ထားဝယ်တွင် အမှိုက်သိမ်း လုပ်ငန်း လုပ်လိုသူ ရှားပါး

အမှိုက်သိမ်း လုပ်ငန်း လုပ်ကိုင်လိုသူ အလုပ်သမား ရှားပါးမှုကြာင့် ထားဝယ်မြို့ပေါ်တွင် လုပ်ကိုင်နေသည့် အမှိုက်သိမ်းလုပ်ငန်းကို မတိုးချဲ့နိုင် သေးဟု ရွှေလင်းယုန်ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး လုပ်ငန်းထံမှ သိရသည်။ လက်ရှိတွင် အမှိုက်သိမ်း ကားတစ်စီး၊ အလုပ်သမား ၅ ဦးတို့ဖြင့် မြို့တွင်းလမ်း ၆ လမ်းနှင့် ရပ်ကွက် နှစ်ခုတို့တွင်...

သတ္တုတွင်းကို ချစ်သည် ……. သို့သော် “မုန်းသည်”

ည ၁၁ နာရီကျော်ပြီ။ ကျုပ်နားစည်ကို ဘူဒိုဇာတွေ ထပ်ကာထပ်ကာတက်နင်းတာ ခံနေရတယ်။ ဘူဒိုဇာတင်မဟုတ် မြေကြီးသယ်တဲ့ကားကြီးမောင်းသံတွေ၊ တတီတီမြည်နေတဲ့ ကားနောက်ဆုတ်သံတွေ၊ အဆိုးဆုံးကတော့ သံစည်ပိုင်း အကြီးကြီးကို နားအနားကပ်ပြီး သံချောင်းနဲ့ခေါက်နေသလား အောက်မေ့ရအောင် ကျယ်လောက်စူးရှတဲ့ အသံဆိုးကြီးတစ်ခု။ နာနာဘာဝအကြီးကြီးတစ်ကောင် နာကျင်စွာအော်ဟစ်နေလေရော့သလား။ ပထမတော့ ကျုပ်အိမ်မက်မက် နေတယ်ထင်တာ။ သေချာအောင်...

ရှင်မော်သွားတောလား

နှစ်သစ်မကူးခင် ရုတ်တရက် အကြောင်းဖန်လာလို့ ရှင်မော်ကို ကျွန်မ ရောက်ဖြစ်ခဲ့တယ်။ ရှင်မော်ဆိုတာ ဘယ်လိုဘယ်ပုံလို့ တခါမှမကြားဖူးတာမို့ များများစားစားတော့လည်း မမျှော်လင့်ထားပါဘူး။ အတူသွားမယ့် သူငယ်ချင်းက ခရီးလမ်းဝေးတာမို့ ညအိပ်ရမယ်ဆိုတာရယ်၊ ညအိပ်ဖို့တဲလေးတွေရှိတယ် ပြောတာကြောင့် အဝတ်ပိုတစ်စုံ ထည့်ခဲ့ပါတယ်။ ဒါနဲ့ပဲ မနက် ၈ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့...

ထားဝယ် အဝေးပြေး ကားကွင်း ပြန်ဆောက်မည်

လမ်းပန်းဆက်သွယ်ရေး အထိုက်အလျှောက် ကောင်းမွန်လာပြီးနောက် လေအိတ်ကားများ ပြေးဆွဲလာသော်လည်း ပြောင်းလဲမှု မလုပ်ဘဲ ယခင်အတိုင်း ပစ်ထားသည်ဟု ဝေဖန်ခံနေရသည့် ထားဝယ်အဝေးပြေးကားကွင်းကို ယခုနှစ်အတွင်း အသစ်ပြန်လည်တည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။ လက်ရှိတွင် ကားဝင်းအတွင်း ဆောက်လုပ်ထားသည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရေဆေးခုံ...

အစိုးရမီး အာမခံချက်မရှိ ဟုဆိုကာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ထောက်ခံဆန္ဒပြ

အစိုးရမှ အကောင်အထည်ဖော်နေသည့် သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး အာမခံချက်မရှိဟု ဆိုကာ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ရမ္မဇူဒေသတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်းကို ဖေဖော်ဝါရီလ ၁၉ ထောက်ခံဆန္ဒပြခဲ့ကြသည်။ သကျက်တောကျေးရွာတွင် ပြုလုပ်သည့် ထောက်ခံဆန္ဒပြပွဲအပြီးတွင် ဆန္ဒပြဦးဆောင်သူများက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ “အရင်တုန်းက နှစ်ကုန်မီးရတော့မယ်ပြောပြီး အခုထိမရသေးဘူး။...

သပိတ်မှောက်ကျောင်းသားများ ထားဝယ်ပြန်ရောက်

ပဲခူးမြို့မှ ပြန်လှည့်လာသည့် ထားဝယ်၊ မြေလတ်၊မုံရွာသပိတ်မှောက်ကျောင်းသားများထဲမှ ထားဝယ်သပိတ်မှောက် ကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်တွင် ထားဝယ်မြို့သို့ပြန်လာရောက်ရှိလာပြီဖြစ်သည်။ ပြန်ရောက်လာကြသည့် ထားဝယ်သပိတ်စစ်ကြောင်းမှ ကျောင်းသားများကို ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထားဝယ် နည်းပညာတက္ကသိုလ်ရှေ့တွင် အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုခဲ့ကြသည်။ “ပြည်သူနဲ့ကျောင်းသားစည်းလုံးမှုကြောင့် အောင်ပွဲတစ်မျိုးတော့ရလာခဲ့တယ်” ဟု သပိတ်စစ်ကြောင်းမှ ပြန်လာသည့် ကျောင်းသားတစ်ဦးဖြစ်သူ...

ကံပေါက် ဆန္ဒပြ အလုပ်သမား ကိစ္စ Total ပြန်ရှင်း

အလုပ်ရပ်နားခံရသဖြင့် Total ကုမ္ပဏီအား  ဆန္ဒပြမှု အပေါ်စိုးရိမ်ကြောင်း Total ကုမ္ပ္ပဏီ အထွေထွေ မန်နေဂျာ Xavier Preel က ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။   Total E & P Myanmar အနေနှင့် မြန်မာနိုင်ငံတွင်း...

ဟိန္ဒားသတ္တုတွင်းကို ဒေသခံများ ဆန္ဒပြ

ဟိန္ဒား သတ္တုတွင်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ လူမှုစီးပွား ဆုံးရှုံး ထိခိုက် နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းရန် ထားဝယ်ခရိုင်၊ မြောင်းပြိုကျေးရွာမှ ရွာသားများဟာ ယနေ့ နံနက် ၈ နာရီမှ နေ့လယ် တစ်နာရီ အချိန်အထိ ကျေးရွာမှ ဟိန္ဒားသတ္တုတွင်းကို ဖြတ်သန်းပြီး ဆန္ဒပြခဲ့ကြသည်။ ၂၀၀၅ မှ ၂၀၁၀...

Total ကုမ္ပဏီ အလုပ်သမား ဥပဒေချိုးဖောက်ဟု ဆန္ဒပြ အလုပ်သမားများပြော

လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို   လေးစားလိုက်နာရမည့်   ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက အလုပ်သမား  အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်ခရိုင်၊ ကံပေါက် ဒေသ၌ပြုလုပ်သည့် ကုမ္ပဏီကို ဆန္ဒပြသည့် ဟောပြောပွဲ ဆန္ဒပြ အလုပ်သမားများ က ပြောဆို...